Saturday, June 20, 2020

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ကူးစက်မှုခံရသူ ၁သန်း ကျော်လာ

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်မှုအသစ် ၅၅၂၀၉ ခုကိုတွေ့ရှိခဲ့ပြီး၊ ကူးစက်ခြင်းခံရသူ စုစုပေါင်းမှာလည်း ၁၀၃၈၅၆၈ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် ကူးစက်မှုအများဆုံးဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင်ပင် ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၃၃၀၆၉ ခုကိုသာတွေ့ရှိခဲ့ပြီး၊ ကူးစက်ခံရသူ စုစုပေါင်းမှာ ၂၂၉၆၇၂၀ ဦးရှိသည်။
ထို့အပြင် ၂၄ နာရီအတွင်း COVID-19 ကြောင့် ထပ်မံသေဆုံးသူ ၁၂၂၁ ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၄၉၀၉၀ ဦးရှိလာသည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၄ နာရီအတွင်း COVID-19 ကြောင့် ထပ်မံသေဆုံးသူ ၇၁၄ ဦးသာရှိသဖြင့် လက်ရှိ အချက်အလက်များအရ နေ့စဉ်ကူးစက်မှုနှင့် သေဆုံးမှုများတွင် ဘရာဇီးနိုင်ငံသည် အမေရိကန်ထက် သာလွန်နေလျှက်ရှိသည်။
ဘရာဇီးနိုင်ငံတွင် COVID-19 သက်သာပျောက်ကင်းသူ စုစုပေါင်းမှာမူ ၅၂၀၃၆၀ ဦးရှိပြီး၊ လူပေါင်း ၂သန်းကျော်(၂၃၄၄၄၃၇ ဦး)ကို COVID-19 စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် လက်ရှိ ရက်သတ္တပတ်များတွင် လက်တင်အမေရိကဒေသသည် COVID-19 ဗဟိုချက်မဖြစ်နေကြောင်း ပညာရှင်တို့ကဆိုသည်။
Ref-Popular News Journal #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment