Friday, June 19, 2020

ဘင်္ဂလားဒေ့ရှ်မှာ COVID-19 အတည်ပြုလူနာ ၁ သိန်းကျော်ရှိပြီး ၁၇ နိုင်ငံမြောက် ကူးစက်ခံရမှုအများဆုံး နိုင်ငံ ဖြစ်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၅၀၀၀ ကျော်ရှိလာပြီး စုစုပေါင်းကူး စက်ခံရသူ ၁ သိန်းကျော်သွားပါပြီ။
ဇွန် ၁၁ ရက်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကူးစက်ခံရသူ ၇၅၀၀၀ ရှိခဲ့ပြီး ဇွန် ၂ ရက်မှာ ကူးစက်ခံရသူ ၅၀၀၀၀ ရှိခဲ့တာပါ။ မေ ၄ ရက်မှာ ကူးစက်ခံရသူ ၁၀၀၀ ရှိခဲ့ပြီး မေ ၁၉ ရက်မှာကူးစက်ခံရသူ ၁၀၀၀၀ ပြည့်လာတာပါ။
ပထမဆုံးအတည်ပြုလူနာကိုတွေ့ပြီး ၁၀၃ ရက်မှာ ကူးစက်ခံရသူ ၁ သိန်းကျော်လာတာဖြစ်ပြီး အိမ်နီးချင်းပါက စ္စတန်ကတော့ ၁၀၄ ရက်နဲ့ အိန္ဒိယနိုင်ငံက ၁၁၁ ရက်မှာ ၁ သိန်းကျော်ခဲ့တာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) ရဲ့အချက်အလက်တွေအရသိရပါတယ်။
အတည်ပြုလူနာ ၁၀၂၂၉၂ ယောက်ရှိနေပြီး လူ ၁ သန်းမှာ ၃၄၆၅ ယောက်ကို စစ်ဆေးထားနိုင်တာပါ။ အတည်ပြုလူနာတွေထဲက ၄၀၁၆၄ ယောက် ၃၉.၂၆ ရာခိုင်နှုန်းကတော့ပြန်သက်သာလာပါပြီ။ ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာ ကူးစက်ခံရမှုအများဆုံး ၁၇ နိုင်ငံမြောက်ဖြစ်လာပါပြီ။
Ref-PeopleMedia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment