Friday, June 26, 2020

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေများပေးအပ်၊ COVID-19 ရောဂါကာကွယ်ရေးအတွက် အလှူငွေများနှင့် အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေများ၊ COVID-19 ရောဂါကာကွယ်ရေးအတွက် အလှူငွေများနှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်အဖွဲ့ဝင် များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ အလှူရှင်များဖြစ်ကြသည့် ဗိုလ်မှူးချုပ် ကျော်ဆန်း(အငြိမ်းစား)၊ ပြန်ကြားရေး ဝန်ကြီး(အငြိမ်းစား)ကလည်းကောင်း၊ ဦးဝမ်ရွှေ(ကျိုစိမ့်မြန်မာသိုးမွှေးစက်ရုံ)ကလည်းကောင်း လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေ သော တပ်မတော်သားများအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် COVID-19 ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် ၅ သိန်း၊ စုစုပေါင်း အလှူငွေကျပ် ၁၅ သိန်းအား ဗိုလ်မှူးချုပ် ကျော်ဆန်း(အငြိမ်းစား)က လည်းကောင်း၊ ဦးဝမ်ရွှေ(ကျိုစိမ့်မြန်မာသိုးမွှေးစက်ရုံ)က COVID-19 ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ တွင် အသုံးပြုရန်အတွက် လက်သန့်ဆေး ၅၀၀ မီလီမီတာဝင် ၁၂၀ ဘူး၊ ပိုးသတ်ဆေး ၁ လီတာဝင် ၁၀၀ ဘူးနှင့် Surgical Masks ၁၅၀၀၀ ခုအား လည်းကောင်း ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment