Saturday, June 20, 2020

COVID-19 ရောဂါ ကုသရေးဌာန(ဖောင်ကြီး)တွင် (စတုတ္ထအကြိမ်)တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ စတင်တာဝန်ထမ်းဆောင်ရန် ထွက်ခွာလာပြီဖြစ်

COVID-19 ရောဂါဟာလည်း ခန့်မှန်းလို့မရတဲ့ ခန့်မှန်းရခက်တဲ့ ကူးစက်မှုမျိုးတွေနဲ့ ကူးစက် ပြန့်ပွားနေတယ်ဆိုတာကို တွေ့နေရတဲ့အတွက် ပေါ့ဆမနေဘဲ လုပ်ငန်းလမ်းညွှန်တွေ၊ လိုက်နာရမယ့် စည်းကမ်းတွေအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်သွားကြပြီး မိမိတို့နိုင်ငံသားများတွက် စေတနာ၊ မေတ္တာထားကာ အနစ်နာခံ ဆောင်ရွက်ပေးကြပါ'' "တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး"
'' အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) အနေနဲ့ အခုဆိုရင် ပြည်သူ ၃၀၀၀ ကျော်ကို ရောဂါစစ်ဆေးပေးပြီးဖြစ်တယ်။ အကျိုးဆက်ကတော့ Positive လူနာတွေရဲ့ မိသားစုဝင်တွေကို စစ်ဆေးပေးတာဖြစ်တဲ့အတွက် သူတို့မှာ Negative ဖြစ်တယ်ဆိုရင် အရမ်းစိတ်သက်သာရာ ရစေတယ်။
"အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်၁၀၀၀) တပ်မှူး"
================================================
''တာဝန်ထမ်းဆောင်မယ့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် တပ်မတော်သားအားလုံးဟာ Covid-19 ရောဂါဝေဒနာ ခံစားနေရတဲ့ပြည်သူတွေရဲ့ အသက်ကိုကယ်တင်ဖို့ နိုင်ငံတော်နဲ့တပ်မတော်က သင်ကြား ပေးခဲ့တဲ့ဆေးသိပ္ပံပညာရပ်များကို အသုံးချပြီး ပြည်သူကို ကူညီစောင့်ရှောက်ဖို့ ကောင်းစွာလေ့ကျင့်ပြီးဖြစ်တဲ့အပြင် ပြည်သူ့အတွက် ဘယ်အချိန်အခါ၊ ဘယ်အခြေအနေမျိုးမှာမဆို အမြဲအသင့် ရှိနေ" အဖွဲ့ကိုယ်စား အဖွဲ့ဝင်တစ်ဦး
=================================================
ဆေးတပ်ဖွဲ့အသီးသီးမှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု၊ ကျွမ်းကျင် Technician စုစုပေါင်း ၄၀ ဦးပါဝင်တဲ့ အဖွဲ့(၁) ကို ၂၅-၄-၂၀၂၀ ရက်နေ့မှ ၉-၅-၂၀၂၀ ရက်ထိလည်းကောင်း၊ အဖွဲ့(၂)ကို ၉-၅-၂၀၂၀ ရက်မှ ၃၀-၅-၂၀၂၀ ရက်ထိ လည်းကောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ (၁)ကို ၃၀-၅-၂၀၂၀ ရက်မှ ယနေ့ ၂၀-၆-၂၀၂၀ ရက်အထိ (၃)ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယနေ့မှာ စတုတ္ထအကြိမ် သွားရောက်သွား တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

0 comments:

Post a Comment