Thursday, June 18, 2020

ဘင်္ဂလားဒေ့ရှ်တွင် နေ့စဉ် COVID-19 ကူးစက်မှုစံချိန်ချိုးလာသောကြောင့် ရခိုင်ပြည်အတွက် အထူးသတိထားရန်လို

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေ့စဉ် COVID-19 ကူးစက်မှုနှုန်းသည် မတ်လ ၈ ရက်နေ့မှ ယနေ့အထိ ကာလအတောအတွင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့သောကြောင့် ရခိုင်ပြည်အတွက် အထူးဂရုစိုက်ရန် လိုအပ်နေပါတယ်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်သူအသစ် ၄၀၀၈ ဦးကိုစစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၃ ဦးရှိခဲ့သဖြင့် နေ့စဉ် ကူးစက်မှုနှုန်းအမြင့်မားဆုံးသို့ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ပါမောက္ခ နာဆီမာဆူလ်တန်နာက ယမန်နေ့ကပြောကြားခြင်းသည်။
မတ်လ ၁၈ ရက်နေ့မှ ယနေ့အထိ စုစုပေါင်း သေဆုံးသူ ၁၃၀၅ ဦးရှိပြီဖြစ်ကာ၊ ကူးစက်သူ စုစုပေါင်းမှာမူ ၉၈၄၈၉ ဦးရှိပြီဖြစ်ကြောင်း သူကဖြည့်စွက်ပြောကြားသည်။
ယခင်က နေ့စဉ် ကူးစက်မှုနှုန်း အမြင့်မားဆုံးမှာ ဇွန်လ ၁၆ ရက်နေ့က ၃၈၆၂ ဦးကူးစက်ခဲ့ခြင်းဖြစ်ပြီး၊ နေ့စဉ်သေဆုံးမှုနှုန်း အမြင့်မားဆုံးမှာလည်း ထိုနေ့ကပင်လျှင် ၄၅ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းတွင် ယနေ့အထိ လူပေါင်း ၅သိန်းခွဲကျော်(၅၅၁၂၄၄ ဦး)ကို COVID-19 စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
သက်သာပျောက်ကင်းသူစုစုပေါင်း ၃၈၁၈၉ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
Source - Popular

0 comments:

Post a Comment