Thursday, June 25, 2020

ကန့်သတ်မှုများကိုဖြေလျော့လိုက်ပြီးနောက်ပိုင်း တိုကျိုတွင် COVID-19 အတည်ပြုလူနာသစ် ၅၅ ဦး တွေ့ရှိ

တိုကျိုတွင် COVID-19 အတည်ပြုလူနာသစ် ၅၅ ဦးကို ဗုဒ္ဓဟူးနေ့က စစ်ဆေးတွေရှိခဲ့သည်။
ယင်းသို့တွေရှိခြင်းသည် မေလ ၅ ရက်နေ့မှ ဇွန်လ ၂၄ ရက်အထိကာအတွင်းဝယ် တစ်ရက်အတွင်း လူနာသစ်တွေ့ရှိမှု အမြင့်မားဆုံးဖြစ်ကာ၊ မေလ ၂၅ ရက်နေ့က ကန့်သတ်မှုများကိုဖြေလျော့လိုက်ပြီးနောက်ပိုင်းတွင်လည်း လူနာသစ်တွေ့ရှိမှု အမြင့်မားဆုံးဖြစ်သည်။
အဆိုပါ လူနာသစ် ၅၅ ဦးတို့သည် ညဖက်ဖွင့်သော ကလပ်များနှင့်ဆက်နွယ်နေသူများ၊ ယင်းကလပ်များမှ လုပ်သားများတို့ဖြစ်ကြပြီး၊ သူတို့နှင့် ထိတွေ့ခဲ့ဖွယ်ရှိသူများကိုလည်း ဆက်လက်စုံစမ်းရှာဖွေနေသည်။
တိုကျိုမြို့တွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၅၈၉၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
source -popular

0 comments:

Post a Comment