Wednesday, June 24, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားခရီးစဉ်မှ ပြန်လည်ရောက်ရှိလာပါက COVID-19 စည်းမျဉ်းစည်ကမ်းများအတိုင်း ဆောင်ရွက်မည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားခရီးစဉ်မှ ပြန်လည်ရောက်ရှိလာပါက COVID-19 စည်းကမ်းချက်များနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ရုရှားကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ Great Patriotic War အောင်ပွဲ(၇၅)နှစ် မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ဇွန်လ ၂၂ ရက်က နေပြည်တော်မှ ထွက်ခွာခဲ့သည်။
‘‘အဓိကကတော့ ရုရှားကာ ကွယ်ရေးဝန်ကြီးက ဖိတ်ခေါ်တာ ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့အ တွက် သွား ရောက်ခြင်းဖြစ်ပါ တယ်။ ဒီထဲမှာသိရသလောက်က တော့ အိန္ဒိယ၊ တရုတ်ကကာ ကွယ်ရေးဝန်ကြီးတွေ တက် ရောက်ပါလိမ့်မယ်’’ဟု ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။
ကိုဗစ်ဖြစ်ပွား နေစဉ်ကာလ အတွင်း ယင်းကဲ့သို့ပြည်ပခရီး သွားရောက်ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသည့်အပေါ် ဇွန် လ ၂၃ရက်က စစ်သမိုင်းပြတိုက် တွင်ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် မီဒီ ယာများအား ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
‘‘ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်း လင်းလင်းပြောပါမယ်။ ဒီခရီးစဉ် မှာပါတဲ့ လူပုဂ္ဂိုလ်အားလုံးအနေနဲ့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ဆေး စစ်မှုခံယူပြီးမှ သွားရတာဖြစ်ပါ တယ်။ ထောက်ခံချက်တွေယူသွား ရတာပါတယ်။ ပြန်လာလို့ရှိရင် လည်း COVID-19 စည်းမျဉ်း၊ စည်းကမ်းချက်တွေနဲ့အညီပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟုဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။
ကာကွယ်ရေးဦးစီးချုပ်၏ တစ်ပတ်တာ သွားရောက်မည့် ခရီးစဉ်တွင် နိုင်ငံတော် ၁၀နိုင်ငံမှ သမ္မတများနှင့် ကာကွယ်ရေးဦးစီး ချုပ်များအပါအဝင် အခြား ၁၉ နိုင်ငံမှ တပ်ဖွဲ့ဝင်အင်အား ၁,၉၀၀ ခန့် တက်ရောက်ဖွယ်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုသည်။
ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ရုရှားနိုင်ငံသား ၁၉ ဦးကိုလည်း တစ်ပါတည်းခေါ်ယူသွားခဲ့သည် ဟု ၎င်းကဖြည့်စွက်ပြောသည်။
ယင်းကဲ့သို့ပင် လူသားချင်း စာနာအကူအညီပေးရေးဆောင် ရွက်မှုများအဖြစ် နီပေါနိုင်ငံသား ၄၁ ဦးနှင့် အိန္ဒိယနိုင်ငံဗုဒ္ဓဂယာ တွင်ပိတ်မိနေသော သံဃာတော်များအပါအဝင် မြန်မာနိုင်ငံသား လူပုဂ္ဂိုလ်များ ၈၀ဦးကိုလည်း အ လားတူ ကူညီဆောင်ရွက်ပေးခဲ့ဖူးကြောင်းဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆက်လက်ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီးနောက် ယခုတစ်ကြိမ်အပါ အဝင် ရုရှားနိုင်ငံသို့ ခြောက်ကြိမ်သွားရောက်ထားသည်။ အစောဆုံးခရီးစဉ်မှာ ၂၀၁၃ ဇွန်လအတွင်းကဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ၊ ရုရှားတပ်မတော်နှင့် မြန်မာတပ်မတော်ကြားလည်း ဆက်ဆံရေးတိုးတက်ကောင်းမွန်နေသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြည့်စွက်ပြောကြားသည်။
Source - 7Day

0 comments:

Post a Comment