Tuesday, June 23, 2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ COVID-19 ကာလအတွင်း ရုပ်ရှင်လောကသားများအတွက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ အလှူငွေများ လှူဒါန်းထောက်ပံ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၂-၆-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွား ရောက်ပြီး COVID - 19 ရောဂါထိန်းချုပ်ကာလအတွင်း ရုပ်ရှင်လောကသားများအတွက် အလှူငွေကျပ် သိန်း(၃၀၀)အား လှူဒါန်းခဲ့ပါသည်။
အဆိုပါ အလှူငွေအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်မှ လက်ခံခဲ့ပြီး စက်မှုအလွှာအဖွဲ့ကိုလည်း တစ်ဦးခြင်း လှူဒါန်းပေးခဲ့ပါသည်။

0 comments:

Post a Comment