Wednesday, June 10, 2020

ဘင်္ဂလားဒေ့ရှ်တွင် နေ့စဉ် COVID-19 ကူးစက်မှုနှင့် သေဆုံးမှုနှုန်း အမြင့်ဆုံးသို့ရောက်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေ့စဉ် COVID-19 ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းသည် အမြင့်ဆုံးသို့ရောက်ရှိလာကြောင်း တာဝန်ရှိသူများက ဇွန်လ ၉ ရက်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်သူအသစ် ၃၁၇၁ ဦးကိုစစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၅ ဦး(ကျား ၃၃၊ မ ၁၂)ရှိခဲ့သဖြင့် နေ့စဉ် ကူးစက်မှုနှုန်းရော သေဆုံးမှုနှုန်းပါ အမြင့်မားဆုံးသို့ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ပါမောက္ခ နာဆီမာဆူလ်တန်နာက ယမန်နေ့ကပြောကြားခြင်းဖြစ်သည်။ မတ်လ ၁၈ ရက်နေ့မှ ယနေ့အထိ စုစုပေါင်း သေဆုံးသူ ၉၅၇ ဦးရှိပြီဖြစ်ကာ၊ ကူးစက်သူ စုစုပေါင်းမှာမူ ၇၁၆၇၅ ဦးရှိပြီဖြစ်ကြောင်း သူကဖြည့်စွက်ပြောကြားသည်။
ယခင်က နေ့စဉ် ကူးစက်မှုနှုန်း အမြင့်မားဆုံးမှာ ဇွန်လ ၂ ရက်နေ့က ၂၉၁၁ ဦးကူးစက်ခဲ့ခြင်းဖြစ်ပြီး၊ နေ့စဉ်သေဆုံးမှုနှုန်း အမြင့်မားဆုံးမှာ ဇွန်လ ၇ ရက်နေ့က ၄၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ ဓာတ်ခွဲခန်း ၅၅ ခုတွင်၊ ဓာတ်ခွဲ နမူနာ ၁၄၆၆၄ ခုကို စစ်ဆေးခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သက်သာပျောက်ကင်းသူ ၇၇၇ ဦးရှိခဲ့သဖြင့်၊ စုစုပေါင်း ၁၅၃၃၇ ဦးသက်သာပျောက်ကင်းခဲ့ပြီဖြစ်ကြောင်းသိရသည်။
Ref ; Popular

0 comments:

Post a Comment