Sunday, June 21, 2020

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့်တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ ဝယ်ယူရေး စာချုပ်အကျင့်ပျက်လာဘ်စားမှုစွဲချက်နဲ့အတူ ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီး ဖမ်းဆီးခံရ

ဇင်ဘာဘွေနိုင်ငံ ကျန်းမာရေးဝန်ကြီး အိုဘာဒီယက်မိုယိုဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ လောက်တန်ဖိုးရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေကို အစိုးရဝယ်ယူတဲ့ကိစ္စမှာ အကျင့်ပျက် လာဘ်စားခဲ့တဲ့စွဲချက်နဲ့အတူ သောကြာနေ့က ဖမ်းဆီးခံလိုက်ရပါတယ်။
ဇင်ဘာဘွေအစိုးရကို ကျန်းမာရေးပစ္စည်းတွေ ရောင်းချနေတဲ့ Drax International ဆေးဝါးကုမ္ပဏီမှ ဇင်ဘာဘွေ ကိုယ်စားလှယ်တစ်ဦးကိုလည်း အရင်တစ်ပတ်က ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်/သံကနေထုတ်လွှင့်အတည်ပြုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ဖြုတ်ချခံခဲ့ရတဲ့ သမ္မတဟောင်း ရောဘတ်မူဂါဘီရဲ့နေရာကို ဆက်ခံခဲ့တဲ့ လက်ရှိသမ္မတ အမ်နန်ဂါဝါဟာ အကျင့်ပျက်လာဘ်စားမှုသတင်းတွေ ထွက်လာပြီးနောက် ကျန်းမာရေးအထောက်အကူပြုပစ္စည်း ဝယ်ယူရေးစာချုပ်တွေကို ဖျက်သိမ်းလိုက်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
Ref : Reuters
Crd : The Standard Time Daily

0 comments:

Post a Comment