Monday, June 8, 2020

တိုင်းဧရာမှ ပထမဆုံး COVID -19ဓာတ်ခွဲပြု လူနာအမှတ်(၁၉၁)ဆေးရုံမှပြန်ဆင်းခွင့်ရ

ဧရာဝတီတိုင်းဒေသကြီးရဲ့ပထမဆုံးCOVID-19ကူးစပ်သူအသက်(၂၀)အရွယ်၊ ပန်းတနော်မြို့နယ်ကအမျိုးသားလူနာအမှတ်(၁၉၁)ဟာပုသိမ်ပြည်သူ့ဆေးရုံကြီးမှာတက်ရောက်ကုသရာကနေSwab(၂)ကြိမ်စစ်ဆေးရာမှာ(၂)ကြိမ်စလုံးNegativeဖြစ်ခဲ့တဲ့အတွက်ဒီကနေ့မှာဆေးရုံကဆင်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
အဆိုပါအမျိုးသားဟာဇန်နဝါရီလကမလေးရှားနိုင်ငံကိုသွားရောက်ကာစားသောက်ဆိုင်မှာအလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီးပုသိမ်တက္ကသိုလ်တေဇဆောင်ကိုမေလ(၁၁)ရက်နေ့ကပြန်လည်ရောက်ရှိလာခဲ့တာဖြစ်သည်။
လူနာအမှတ်-၁၉၁ဟာ မလေးရှားနိင်ငံကနေ မေလ၁၁ရက်နေ့က ပြန်ရောက်လာသူဖြစ်ပြီး ပုသိမ်တက္ကသိုလ်၊ တေဇဆောင်မှာ စောင့်ကြည့်ခံခဲ့ရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ပုသိမ်ဆေးရုံကြီးမှာ ကုသမူခံယူနေတာဖြစ်ပါတယ်။
လူနာဟာ ရောဂါပိုးကင်းစင်သွားပေမယ့် နေအိမ်မှာ(၁၄)ရက်နေဖို့ညွန်ကြားထားပြီး ပြန်လည်စစ်ဆေးသွားအုန်းမယ်လို့ တိုင်းကျန်းမာရေးဦးစီးမှူးကပြောပါတယ်။
"သူ့ကို နှစ်ကြိမ်စစ်တာ ပိုးမတွေ့ဘူးလို့ အဖြေထွက်တဲ့အတွက် ဆင်းပေးလိုက်တာ၊ အိမ်မှာ (၁၄)ရက်တော့နေရမယ်၊ ၁၄ရက်ပြည့်ရင် ပြန်စစ်ပေးမယ် သေခြာအောင်ပေါ့။ သူက ကျန်းမာရေးကောင်းမွန်တဲ့အတွက် ခုလိုပျောက်ကင်းသွားတာ"လို့ ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ရောဂါပိုးကို လူနာအမှတ်-၁၉၁နဲ့ လူနာအမှတ်-၂၀၇တို့ နှစ်ဦးသာရှိနေပြီး လူနာအမှတ်-၂၀၇ဟာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment