Tuesday, June 16, 2020

ပေကျင်းတွင် COVID-19 ကူးစက်သူအသစ် ၁၀၀ ကျော်သွားပြီဟု WHO ဆို

လက်ရှိဖြစ်ပွားနေသော COVID-19 ကူးစက်မှုကြောင့် ပေကျင်းတွင် ကူးစက်ခံရသူ ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ပြောကြားသည်။
ဥရောပနိုင်ငံများတွင် lockdown ကန့်သတ်ချက်များကို ဖြေလျော့ပေးထားပြီး၊ နယ်စပ်မှ လူဝင်လူထွက်များ ခွင့်ပြုထားမှုများနှင့်ပတ်သက်၍လည်း သတိရှိကြရန် WHO က သတိပေးပြောကြားထားသည်။
”ပေကျင်းတွင် ရက်ပေါင်း ၅၀ ကျော်သည်အထိ COVID-19 ကူးစက်မှုအသစ် မရှိတော့ရာမှ၊ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပေကျင်းမြို့ နယ်နိမိတ်အတွင်း COVID-19 ပြန့်နှံ့မှုထပ်မံပေါ်ပေါက်ခဲ့ပြီး ယခုအခါ အတည်ပြုလူနာ ၁၀၀ ကျော်အထိ စစ်ဆေးတွေ့ရှိရသည်ဟု သိရကြောင်း၊ စတင်ပြန့်နှံ့မှုကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း” WHO ၏ ညွှန်ကြားရေးမှူး ချုပ်က အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
Ref ; Popular

0 comments:

Post a Comment