Saturday, June 20, 2020

COVID-19 ကိုရိုနာဗိုင်းရပ် Lock Down ကာလအတွင်း ဝူဟန်မြို့သားတစ်ဦး ၂၂၄ ပေါင်တက်သွားကာ ၆၁၆ ပေါင် ဖြစ်သွားခဲ့

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် နေထိုင် သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကိုဗစ်ကာလအတွင်း ငါးလတာ အိမ်တွင်းအောင်းလိုက်ရသဖြင့် ၂၂၄ ပေါင် တက်သွားကာ စုစုပေါင်း ပေါင်ချိန် ၆၁၆ ပေါင်ဖြစ်သွားတော့သည်။
ပေါင်ချိန် တစ်ဟုန်ထိုးတက်လာသဖြင့် ကျန်းမာရေး အခြေအနေ ဆိုးဆိုးရွားရွားဖြစ်လာသည့် အတွက် ၎င်းသည် ယခုလဆန်းပိုင်းတွင် ဆေးရုံရောက်သွားတော့သည်။ ၆၁၆ ပေါင်ရှိသဖြင့် ၎င်းသည် ယခုဆိုလျှင် ဝူ ဟန်မြို့တွင် အဝဆုံးလူသားဖြစ်သွား တော့သည်။ ဇန်နဝါရီလနှောင်းပိုင်းကစ ကာ တရုတ်အစိုးရက လော့ခ်ဒေါင်းချ လိုက်သဖြင့် ၎င်းသည် အလုပ်မသွားရတော့ပေ။ အစိုးရက ဧပြီလဆန်းပိုင်းတွင် လော့ခ်ဒေါင်း ရုပ်သိမ်းလိုက်သော်လည်း ၎င်းသည် အိမ်တွင်သာ ဆက်နေနေရသည်။
မစ္စတာဇူသည် ၀လွန်းသဖြင့် လှုပ်ရှားသွားလာရာတွင် အခက်တွေ့နေရသည်ဟု မိသားစုဝင်များက ဆိုသည်။ ၎င်း သည် တစ်သက်လုံးပေါင်ချိန်များနေသူဖြစ်ပြီး ဝိတ်ကျရန် နည်းအမျိုးမျိုး ကြိုးစား ခဲ့ဖူးသော်လည်းမအောင်မြင်ပေ။ အရပ် ၅ ပေ ၇ လက်မရှိသည့် ၎င်းသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ပေါင်ချိန် ၃၉၂ ပေါင်ရှိခဲ့ သော်လည်း ကိုရိုနာလော့ခ်ဒေါင်းကြောင့် ပေါင် ၆၀၀ ကျော်သွားတော့သည်။
လက်ရှိတွင် လူနာ၏အခြေအနေ တည်ငြိမ်နေပြီ ဖြစ်ကြောင်း လူနာသည် ဝိတ်ကျစေရန် အစာအိမ်ချုံ့သည့်ခွဲစိတ်မှု လုပ်ရတော့မည်ဖြစ်ကြောင်း ဆရာဝန်များကဆိုသည်။ ငါးလအတွင်း လူနာ ထိုသို့တစ်ဟုန်ထိုး ကိုယ်အလေးချိန်တက်သွားရခြင်းအ ကြောင်းရင်းအတိအကျကို ဆေးရုံက ပြောကြားခဲ့ခြင်းမရှိပေ။
Crd : Pyi Myanmar

0 comments:

Post a Comment