Tuesday, June 16, 2020

Covid-19 အသက်ကယ်ကုသဆေးအဖြစ် ဈေးသက်သာပြီး လွယ်ကူစွာရရှိနိုင်သော Dexamethasone ဆေးဝါးကို ဗြိတိန် ပထမဆုံးသတ်မှတ်

ဈေးသက်သာပြီး လွယ်ကူစွာရရှိနိုင်သော ဆေးဝါးဖြစ်သည့် Dexamethasone ဖြင့်ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်းအထန် နာမကျန်းဖြစ်နေသူများကို အသက်ကယ် ကုသနိုင်ကြောင်း ဗြိတိန်မှ ဆေးသိပ္ပံကျွမ်းကျင်သူများက အသိအမှတ်ပြု ကြေညာလိုက်သည်။
လူများစွာ သေဆုံးခဲ့ရသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွင် အဆိုပါ တွေ့ရှိ ကောက်ချက်ချနိုင်မှုသည် အရေးကြီးသော လမ်းပွင့်မှု တစ်ရပ်ဖြစ်သည်ဟု ဗြိတိန်ပညာရှင်များက ဆိုသည်ကို BBC က ရေးသားထားခြင်း ဖြစ်သည်။
အသက်ရှူကူစက် ပေါ်သို့ တက်ရသော လူနာ သုံးပုံတစ်ပုံ ခန့်၏ သေဆုံးနိုင်ချေကို ဖယ်ရှားပေးသည်။ အောက်ဆီဂျင်ပေးထားရသော လူနာများထဲမှ ငါးပုံတစ်ပုံအထိ အသက်ရှင်နိုင်ချေရှိလာသည်။
ရှိပြီးသား ကုသဆေးများထဲမှ ကိုရိုနာဗိုင်းရပ်စ် ကို ကုနိုင်သော ဆေးများအား ရှာဖွေစမ်းသပ်မှုကြီးများစွာ လုပ်ခဲ့ရာမှ အဆိုပါ ဆေးဝါးကို အတည်ပြု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွါးကတည်းက အဆိုပါ ဆေးအကြောင်းကို သိရှိ အသုံးပြုခဲ့ပါလျှင် လူ ၅၀ဝ၀ ခန့်၏ အသက်များကို ကယ်နိုင်ခဲ့မည် ဖြစ်ကြောင်း သုတေသီများက ၏ ပြောကြားချက်ကို ကိုးကားလျက် BBC က ဖော်ပြထားသည်။
ဈေးပေါခြင်းကြောင့် ဆင်းရဲသည့်နိုင်ငံများအတွက် များစွာ အကျိုးဖြစ်ထွန်းနိုင်သည်ဟု အဆိုပါ သတင်းက ဖော်ပြထားသေးသည်။
Ref-The Voice #Myanmar_Online_News
>>zawgyi<<
Covid-19 အသက်ကယ်ကုသဆေးအဖြစ် ဈေးသက်သာပြီး လွယ်ကူစွာရရှိနိုင်သော Dexamethasone ဆေးဝါးကို ဗြိတိန် ပထမဆုံးသတ်မှတ်
Tuesday, June 16, 2020
ဈေးသက်သာပြီး လွယ်ကူစွာရရှိနိုင်သော ဆေးဝါးဖြစ်သည့် Dexamethasone ဖြင့်ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်းအထန် နာမကျန်းဖြစ်နေသူများကို အသက်ကယ် ကုသနိုင်ကြောင်း ဗြိတိန်မှ ဆေးသိပ္ပံကျွမ်းကျင်သူများက အသိအမှတ်ပြု ကြေညာလိုက်သည်။
လူများစွာ သေဆုံးခဲ့ရသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွင် အဆိုပါ တွေ့ရှိ ကောက်ချက်ချနိုင်မှုသည် အရေးကြီးသော လမ်းပွင့်မှု တစ်ရပ်ဖြစ်သည်ဟု ဗြိတိန်ပညာရှင်များက ဆိုသည်ကို BBC က ရေးသားထားခြင်း ဖြစ်သည်။
အသက်ရှူကူစက် ပေါ်သို့ တက်ရသော လူနာ သုံးပုံတစ်ပုံ ခန့်၏ သေဆုံးနိုင်ချေကို ဖယ်ရှားပေးသည်။ အောက်ဆီဂျင်ပေးထားရသော လူနာများထဲမှ ငါးပုံတစ်ပုံအထိ အသက်ရှင်နိုင်ချေရှိလာသည်။
ရှိပြီးသား ကုသဆေးများထဲမှ ကိုရိုနာဗိုင်းရပ်စ် ကို ကုနိုင်သော ဆေးများအား ရှာဖွေစမ်းသပ်မှုကြီးများစွာ လုပ်ခဲ့ရာမှ အဆိုပါ ဆေးဝါးကို အတည်ပြု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွါးကတည်းက အဆိုပါ ဆေးအကြောင်းကို သိရှိ အသုံးပြုခဲ့ပါလျှင် လူ ၅၀ဝဝ ခန့်၏ အသက်များကို ကယ်နိုင်ခဲ့မည် ဖြစ်ကြောင်း သုတေသီများက ၏ ပြောကြားချက်ကို ကိုးကားလျက် BBC က ဖော်ပြထားသည်။
ဈေးပေါခြင်းကြောင့် ဆင်းရဲသည့်နိုင်ငံများအတွက် များစွာ အကျိုးဖြစ်ထွန်းနိုင်သည်ဟု အဆိုပါ သတင်းက ဖော်ပြထားသေးသည်။
Ref-The Voice #Myanmar_Online_News

0 comments:

Post a Comment