Friday, June 26, 2020

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာနိုင်ငံရုပ်ရှင်ပညာရှင်များအတွက် COVID-19 ကာလ စားသောက်ရေးအဆင်ပြေစေရန် (ဆန်၊ဆီ၊ဆား၊ပဲ)ရိက္ခာအမယ်(၄)မျိုး COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

COVID-19ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုကန့်သတ်ချက်များ ရှိလာသဖြင့်တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာနိုင်ငံ ရုပ်ရှင်ပညာရှင်များအတွက် COVID-19ကာလ စားသောက်ရေး အဆင်ပြေစေရန် (ဆန်၊ဆီ၊ဆား၊ပဲ)ရိက္ခာအမယ် (၄)မျိုးနှင့် COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်း အခမ်းအနားအား ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ဦးဝီစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက လှူဒါန်းရသည့် အကြောင်းအရင်းများ ရှင်းလင်းပြောကြားပြီးနောက်တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာနိုင်ငံဂီတပညာရှင်များအတွက် COVID-19ကာလ စားသောက်ရေး အဆင်ပြေစေရန် (ဆန်၊ဆီ၊ဆား၊ပဲ)ရိက္ခာအမယ် (၄)မျိုးနှင့် COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့်Surgical Mask ၁၀၀၀ခု၊ လက်သန့်ဆေးရည် ၁၀ ဘူးတို့အား ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌမှ လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။
ယနေ့ ဇွန်လ ၂၆ ရက်နေ့ မှာ တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာနိုင်ငံ ရုပ်ရှင်ပညာရှင်များအတွက် Covid19ကာလစားသောက်ရေးအဆင်ပြေစေရန် ဆန် ၊ဆီ၊ ဆား ၊ပဲ များကို လူ ၈၀၀ စာ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

0 comments:

Post a Comment