
အိန္ဒိယနိုင်ငံ ဒေလီမြို့၏ မြို့တော် ကျန်းမာရေးဝန်ကြီး Satyendar Jain တွင် COVID-19 ပိုးရှိနေကြောင်း ဗုဒ္ဓဟူးနေ့က စစ်ဆေးတွေ့ရှိသည်။
သူသည် အင်္ဂါနေ့က စစ်ဆေးရာတွင်မူ ပိုးမရှိကြောင်း(Negative)ပြခဲ့သော်လည်း သူ့ထံတွင် ရောဂါလက္ခဏာများရှိနေသဖြင့် ဗုဒ္ဓဟူးနေ့ဝယ် ထပ်မံစစ်ဆေးရာတွင်မူ ပိုးရှိ(Positive)ကြောင်း တွေ့ရှိရခြင်းဖြစ်သည်။
ဝန်ကြီးသည် ကိုယ်ပူချိန်မြင့်ပြီး အသက်ရှုရခက်ခဲသည့် လက္ခဏာများဖြစ်ပွားလာသဖြင့် တနင်္လာနေ့ကတည်းကပင်လျှင် ရာဂျစ်ဂန္ဓီအထူးကုဆေးရုံကြီးသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
သူသည် ဒေလီမြို့ အစိုးရ အဆင့်မြင့်ခေါင်းဆောင်ပိုင်းအစည်းအဝေးများတက်ရေက်ခဲ့ပြီး ယင်းအစည်းအဝေးများတွင် ပြည်နယ်ဝန်ကြီးချုပ် Arvid Kejriwal နှင့် ပြည်နယ် ပြည်ထဲရေးဝန်ကြီး Amit Shah တို့လည်း တက်ရောက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ် Arvid Kejriwal သည် ပြီးခဲ့သည့် ရက်သတ္တပတ်က လည်ချောင်းနာခြင်းနှင့် ကိုယ်ပူချိန်မြင့်တက်ခြင်းတို့ကြောင့် သူ၏အိမ်တွင်ပင် သီးခြားကန့်သတ်နေထိုင်ခဲ့သော်လည်း COVID-19 စစ်ဆေးရာတွင်မူ ပိုးမတွေ့ရှိခဲ့ချေ။
ဒေလီမြို့သည် အိန္ဒိယနိုင်ငံတွင် တတိယ ကူးစက်မှုအမြင့်မားဆုံးမြို့ဖြစ်ပြီး၊ ကူးစက်သူ ၄၄၆၈၈ ဦးနှင့် သေဆုံးသူ ၁၈၃၇ ဦးရှိသည်။


Source: Xinhua
Ref: Indian capital health minister testes positive for COVID-19
0 comments:
Post a Comment