Thursday, June 18, 2020

COVID-19 ကာလအတွင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ဖို့နှင့် ဘဏ်ခွဲများတွင် လူအများအပြား စုစည်းစောင့်ဆိုင်းနေရမှုတွေကို လျော့ချပေးနိုင်ဖို့အတွက် AGD ဘဏ်မှ AGD GO ဝန်ဆောင်မှုကို မိတ်ဆက်

ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ဖို့နှင့် ဘဏ်ခွဲများတွင် လူအများအပြား စုစည်းစောင့်ဆိုင်းနေရမှုတွေကို လျော့ချပေးနိုင်ဖို့အတွက် AGD ဘဏ်မှ AGD GO ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါတယ်။
AGD GO ဝန်ဆောင်မှုတွင် ကွန်ပျူတာအစား Tablet များအသုံးပြုပြီး Customer များပြုလုပ်လိုသော ဝန်ဆောင်မှုများကို AGD ဘဏ် ဝန်ထမ်းများက Tablet တွင်ထည့်သွင်းထားသော AGD GO Application ကို အသုံးပြုကာ ဝန်ဆောင်မှုပေးသွားမှာပဲဖြစ်ပါတယ်။
AGD GO Application ဖြင့် ဝန်ဆောင်မှုပေးနိုင်သော လုပ်ဆောင်ချက်များမှာ
AGD ဘဏ်အကောင့်ထဲသို့ငွေထည့်ခြင်း (Deposit)
AGD ဘဏ်အကောင့်ထဲမှ ငွေထုတ်ခြင်း (Withdrawal)
AGD ဘဏ်အကောင့်မှ အခြား AGD ဘဏ်အကောင့်တစ်ခုသို့ငွေလွှဲခြင်း (Transfer)
AGD ဘဏ်အကောင့်ထဲရှိ ငွေစာရင်းလက်ကျန်အားစစ်ဆေးခြင်း (Balance Inquiry)
ဘဏ်စာရင်းရှင်းတမ်း အသေးစားကြည့်ရှုနိုင်ခြင်း (Mini-Statement) စသည်တို့ကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
AGD ဘဏ်က အားလုံးနဲ့အတူ ရှင်သန်ကြီးပွားတိုးတက်နေမှာပါ။
Crd : AGD Bank #Myanmar_Online_News

0 comments:

Post a Comment