Wednesday, June 24, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel-General Alexander Fomin နှင့်တွေ့ဆုံ

၂၀၂၀ခုနှစ် ဇွန်လ ၂၃ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယကာကွယ် ရေးဝန်ကြီး Colonel-General Alexander Fomin သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် ဒေသစံတော်ချိန် ညပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ စစ်ရေးဆိုင်ရာအကျိုးအမြတ်ဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများကိုအပြန်အလှန်ဆွေး နွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ စစ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စစ်ဘက်ဆိုင်ရာနည်းပညာများကို မဟာဗျူဟာကျကျပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများကို တစ်ဖက်နှင့်တစ်ဖက် ရင်းနှီးနွေးထွေးစွာ ပြောဆိုခဲ့ကြကြောင်း စုံစမ်းသိရှိရပါသည်။

0 comments:

Post a Comment