Thursday, June 25, 2020

ပဲခူး ရေနီစက္ကူစက်ဧရိယာအတွင်း CMP လုပ်ငန်းစက်ရုံ စုစုပေါင်း (၉)ရုံထိ တည်ဆောက်သွားမည်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီစက္ကူစက်ဧရိယာအတွင်း မူလစက္ကူထုတ်လုပ်သည့် လုပ်ငန်းအပြင် CMP လုပ်ငန်းစက်ရုံ စုစုပေါင်း (၉)ရုံထိ တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် Bago Young Clothing ကုမ္ပဏီ နှင့် Myanmar Sumes WINWIN အထည်ချုပ်ကုမ္ပဏီတို့ လည်ပတ် နေကြောင်း သိရသည်။
အဆိုပါအထည်ချုပ်စက်ရုံ ၂ ရုံတွင်အလုပ်သမား ၃၆၀ဝ ကျော်ဖြင့် လည်ပတ်နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အထည်ချုပ်ကုမ္ပဏီများဖြစ်၍ COVID-19 ကာလနှင့် တိုက်ဆိုင်နေသော်လည်း အားကစားနှင့် ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်မှုနှင့်အညီ စည်းကမ်းလိုက်နာကာ လုပ်ငန်းရပ်တန့်မှု မရှိခဲ့ကြောင်း၊ နောက်ထပ်တည်ဆောက်မှု ပြီးစီးနေသော စက်ရုံတစ်ရုံမှာလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း၊ ရေနီအထည်ချုပ်စက်ရုံများကို ဦးစီးလုပ်ကိုင်နေသော လက်ဝါးကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာက ပြောသည်။
အထည်ချုပ်များကို လုပ်ကိုင်ကြရမည့် ရည်ရွယ်ချက်မှာလည်း ရေနီ၏ အနီးဝန်းကျင်တွင် သကြားစက် တစ်ခုတည်းသာ ရှိသည့်အတွက် အမျိုးသားများသာ သကြားစက်တွင် အလုပ်ရရှိကြကြောင်း၊ ဤသို့ဖြစ် ထိုဒေသနေ ဒေသခံအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး ရှေးရှုပြီး အထည်ချုပ်စက်ရုံ တည်ဆောက်ရန် ရည်ရွယ်ကြောင်း၊ စက်ရုံအလုပ်ရုံ တည်ထောင်မည့် လုပ်ငန်းရှင်များအနေဖြင့် တင်ဒါဝင်ပြိုင်မည်ဆိုပါက ထိုအချက်များကို ထည့်သွင်း စဉ်းစား လိုက်နာကြရမည်ဖြစ်ကြောင်း သိရှိရသည်။
>>zawgyi<<

0 comments:

Post a Comment