Wednesday, June 10, 2020

case(189) ပိုးကင်းစင်သဖြင့် ဆင်းခွင့်ရရှိပြီး တောင်တွင်းကြီးမြို့သို့ ပြန်လည်ရောက်ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ဇာတိဖြစ်သူ ပိုးတွေ့လူနာအမှတ်စဉ် (၁၈၉) အသက် (၅၀) နှစ်အရွယ် အမျိုးသားသည် ဆေးကုသမှုခံယူပြီးနောက် နှစ်ကြိမ်တိုင်တိုင် ပြန်လည်စစ်ဆေးရာ ပိုးကင်းစင်ပြီဖြစ်သဖြင့် ယနေ့ နံနက်ပိုင်းတွင် မကွေးဆေးရုံမှ ပြန်လည် ဆင်းခွင့်ရရှိပြီဖြစ်သဖြင့် တောင်တွင်းကြီးမြို့ စိတ္တသုခ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ် ဖြင့် သွားရောက်ကြိုဆိုခဲ့ပြီး ၄င်း၏နေအိမ်သို့ ကျန်းမာစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာသည် မေလ(၁၉)ရက် နံနက်(၇)နာရီအချိန် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ ထုတ်ပြန်ချက်အရ လူနာအမှတ်စဉ် (၁၈၉)ယောက်မြောက်အဖြစ် ကိုဗစ်-၁၉ ဓာတ်ခွဲ အဖြေ တွေ့ရှိခဲ့ပြီး ပြည်ပခရီးသွား ရာဇ၀င်အဖြစ် မလေးရှားနိုင်ငံမှ ပြန်လာသူဖြစ်ကာ မကွေးမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားရှိသူဖြစ်ကြောင်း သိရသည်။
>>zawgyi<<
case(189) ပိုးကင်းစင်သဖြင့် ဆင်းခွင့်ရရှိပြီး တောင်တွင်းကြီးမြို့သို့ ပြန်လည်ရောက်ရှိ
Wednesday, June 10, 2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ဇာတိဖြစ်သူ ပိုးတွေ့လူနာအမှတ်စဉ် (၁၈၉) အသက် (၅၀) နှစ်အရွယ် အမျိုးသားသည် ဆေးကုသမှုခံယူပြီးနောက် နှစ်ကြိမ်တိုင်တိုင် ပြန်လည်စစ်ဆေးရာ ပိုးကင်းစင်ပြီဖြစ်သဖြင့် ယနေ့ နံနက်ပိုင်းတွင် မကွေးဆေးရုံမှ ပြန်လည် ဆင်းခွင့်ရရှိပြီဖြစ်သဖြင့် တောင်တွင်းကြီးမြို့ စိတ္တသုခ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ် ဖြင့် သွားရောက်ကြိုဆိုခဲ့ပြီး ၎င်း၏နေအိမ်သို့ ကျန်းမာစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာသည် မေလ(၁၉)ရက် နံနက်(၇)နာရီအချိန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ ထုတ်ပြန်ချက်အရ လူနာအမှတ်စဉ် (၁၈၉)ယောက်မြောက်အဖြစ် ကိုဗစ်-၁၉ ဓာတ်ခွဲ အဖြေ တွေ့ရှိခဲ့ပြီး ပြည်ပခရီးသွား ရာဇဝင်အဖြစ် မလေးရှားနိုင်ငံမှ ပြန်လာသူဖြစ်ကာ မကွေးမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားရှိသူဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment