Friday, June 19, 2020

Case-207 ဆေးရုံကနေဆင်းခွင့်ရပြီး ဧရာဝတီတိုင်းမှာ Covid-19လူနာ မရှိတော့ပါ

ဧရာဝတီတိုင်းရဲ့ နောက်ဆုံးCovid-19လူနာ၂၀၇ဟာ ရောဂါပိုးကင်းစင်သွားတာကြောင့် ဒီကနေ့မနက်မှာပဲ ပုသိမ်မြို့ကုတင်၅၀၀ဆေးရုံကနေ ဆင်းခွင့်ရခဲ့တာကြောင့် ဧရာဝတီတိုင်းမှာ Covid-19လူနာ မရှိတော့တာ ဖြစ်ပါတယ်။
လူနာအမှတ်၂၀၇ဟာ မလေးရှားနိုင်ငံကနေ မေလ၁၁ရက်နေ့က ပြန်ရောက်လာသူဖြစ်ပြီး ပုသိမ်တက္ကသိုလ်၊ တေဇဆောင်မှာ စောင့်ကြည့်ခံခဲ့ရာမှ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ပုသိမ်ဆေးရုံကြီးမှာ ဆေးကုသမူခံယူနေရသူဖြစ်ပါတယ်။
လက်ရှိမှာ ၃ကြိမ်မြောက် ဓါတ်ခွဲစမ်းသပ်မှုအဖြေအရ ရောဂါပိုးမတွေ့ရှိတော့တဲ့အတွက် နေရပ်ဇာတိဖြစ်တဲ့ မော်ကျွန်းမြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက ကိုဗစ်လူနာ အမှတ် ၁၉၁ နဲ့ ၂၀၇ဟာ မေလ၁၁ရက်နေ့က မလေးရှားနိင်ငံကပြန်လာကြတာဖြစ်ပြီး ပုသိမ်တက္ကသိုလ် တေဇဆောင်မှာ ကွာရန်တင်းဝင်နေကြတာဖြစ်ပါတယ်။
လူနာအမှတ်-၁၉၁ဟာ မေလ၁၅ရက်နေ့က ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး လူနာအမှတ်-၂၀၇ကတော့မေလ၂၉ရက်နေ့မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်ပိုးတွေ့လူနာအမှတ်-၁၉၁ဟာ ဇွန်လ၈ရက်နေ့မှာ ဆေးရုံကနေဆင်းခွင့်ရခဲ့ပြီး လူနာအမှတ်-၂၀၇ကတော့ ဒီကနေ့မနက်မှာပဲ ဆေးရုံကနေဆင်းခွင့်ရခဲ့တာကြောင့် ဧရာဝတီတိုင်းမှာCovid-19လူနာမရှိတော့တာ ဖြစ်ပါတယ်။
crd-voiceofmyanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment