Thursday, June 25, 2020

ပုသိမ်ကြီးမြို့နယ်ရှိ (၁၆)မိုင်ကျောက်ချောပူးပေါင်း စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ (၁၆)မိုင်ကျောက်ချောပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဇွန် ၂၃ ရက် ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် လားရှိုး- မန္တလေးသို့ ပြေးဆွဲသည့် ရတနာယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်အမှတ်၊ 4M/--- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ရဲစိုး(ဘ)ဦးချစ်ခိုင် ၏ ကျောပိုး အိတ်အတွင်းမှ 88 နှင့် 1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ ပြား၊ ကိုကို(ဘ)ဦးသန်းထွန်း ၏ ခရီးဆောင်အိတ်အတွင်းမှ 88 နှင့် 1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉၀၀ ပြား(စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြားခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၃၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား အုန်းချောနယ်မြေ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment