Wednesday, June 10, 2020

ဖိလစ်ပိုင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးမပေါ်မချင်း စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့မရှိ

သမ္မတဒူတာတေး ဦးဆောင်တဲ့ ဖီလစ်ပိုင်အစိုးရဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး မပေါ်မချင်း စာသင်ကျောင်းတွေကို ပြန်ဖွင့်နိုင်ဖွယ် မရှိဘူးလို့ တနင်္လာနေ့က ထုတ်ပြန်ကြေငြာလိုက်ပြီးနောက် သန်းပေါင်းများစွာသော ဖိလစ်ပိုင် ကျောင်းသားလေးတွေရဲ့ ပညာရေးအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါရှိပါတယ်။
ဖီလစ်ပိုင် ပညာရေးဝန်ကြီး မစ္စလီယိုနာဘရီယွန်နက်စ်ရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်မှာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ပျံ့နှံ့မှာကို စိုးရိမ်တာကြောင့် ဆရာနဲ့ ကျောင်းသူ/ကျောင်းသားတွေ မျက်နှာချင်းဆိုင် အနီးကပ် သင် ကြားရတဲ့စနစ်ကို ပြန်လည် စတင်နိုင်ဦးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးမပေါ်ခင် ကြားကာလအတွင်း ရေဒီယို၊ တီဗီ၊ အွန်လိုင်းနဲ့ မိုဂျူလာ သင်ကြားရေးစနစ်ပုံစံနဲ့ ကျောင်းသူ/သားတွေကို သင်ကြားဖို့ ဆရာ/ဆရာမတွေကို ညွှန်ကြားထားကြောင်းလည်း ဖီလစ်ပိုင် ပညာရေးဝန်ကြီးက ထပ်လောင်းပြောသွားပါတယ်။
Ref ; The Standard Time Daily

0 comments:

Post a Comment