Monday, June 15, 2020

သုံးစွဲနေတဲ့ ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်ပုံနဲ့ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ပြော

သုံးစွဲနေတဲ့ ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်ရုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားလိုက်ပါတယ်။
ဒီနေ့ ဇွန်လ(၁၅)ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံတော်အစိုးရ စတုထ္ထ (၁)နှစ်အတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲမှာ အဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။
"အခုသုံးစွဲနေတဲ့ (Denomination-ငွေကြေးအမျိုးအစား)တွေအကုန်လုံးကိုတော့ အစဉ်လိုက်ပဲ ရိုက်နှိပ်ထုတ်ဝေ သွားမှာပါ။ ကာလကတော့ ဒီဆယ်လအတွင်းမှာလား၊ ဒါကတော့ ရိုက်နှိပ်တဲ့အပေါ်မှာ မူတည်ပါတယ်။ သုံးစွဲ နေတဲ့ Denomination အမျိုးအစားအားလုံးကို ဗိုလ်ချုပ်ရုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေသွားမှာပါ။"လို့ ဦးစိုးမင်းက ပြောပါတယ်။
အခုနှစ်ထဲမှာပဲ ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူကိုလည်း ဇန်နဝါရီလ(၄)ရက်နေ့ ကစထုတ်ခဲ့ပါသေးတယ်။
"အခုရှိနေတဲ့ Denomination အကုန်လုံးကိုတော့ (၅၀၀၀)တန်ကော၊ (၁၀၀၀၀)တန်ကော၊ (၅၀၀)တန်ကော ဆိုလိုတာက Denomination အားလုံးအတွက် ထုတ်သွားမှာပါ။"လို့ ဦးစိုးမင်းက ပြောပါတယ်။
အသစ်ထုတ်လိုက်တဲ့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအသစ်ကို အပြင်မှာတွင်တွင်ကျယ်ကျယ် အသုံးမပြုတာဟာ ရွက်ရေအကန့်အသတ်နဲ့ထုတ်တာကြောင့်လို့လည်း သူကပြောပါသေးတယ်။
ဗိုလ်ချုပ်ပုံပါငွေစက္ကူသစ်ကို နောက်လည်းဆက်ထုတ်ဝေသွားမှာဖြစ်သလို အခုအချိန်မှာတော့ (၁၀၀၀၀)တန်ထက်မြင့်တဲ့ ငွေစက္ကူကိုတော့ ထပ်ထုတ်ဖို့မရှိသေးဘူးလို့ သိရပါတယ်။
Source O Media

0 comments:

Post a Comment