Wednesday, June 24, 2020

ဦးဇော်ဌေး တာဝန်ယူထားသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးကျော်လွင်ကို ခန့်အပ်၊ ဦးဇော်ဌေး အခြေအနေ ရှင်းရှင်းလင်းလင်း မသိရသေး

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးဇော်ဌေး တာဝန်ယူထားရာမှ ဇွန်လ ၂၄ ရက်နေ့ မြန်မာနိုင်ငံပြန်တမ်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်ကို ယင်းရုံး၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် အစမ်းခန့်ထားလိုက်ကြောင်း ဖော်ပြထားသည်။
NLD အစိုးရ အာဏာရရှိသည့်အချိန်မှစ၍ ဦးဇော်ဌေးသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာနနှစ်ခု၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူအဖြစ် သတင်းစာရှင်းလင်းပွဲများ တောက်လျှောက်တာဝန်ယူနေသူဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ၊ ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များတွင်လည်း ထဲထဲဝင်ဝင် ပါဝင်တာဝန်ယူနေရသူဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ရာထူးမှ ရုတ်တရက် ပျောက်ကွယ်သွားခြင်းဖြစ်သည်။
ဦးဇော်ဌေးသည် လန်ခဲ့သောရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတအပါ အဝင် အတိုင်ပင်ခံ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ နေပြည်တော်တွင် မြေကွက်များရယူသည့်ကိစ္စကို အကျယ်တဝင့်ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းသတင်းကြောင့် NLD အစိုးရနှင့်ခေါင်းဆောင်များကို ယခင် စစ်အာဏာရှင်များနှင့် ထူးမခြားနားဆိုသော အမြင်များနှင့် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိသည်။
Ref ; Khit Thit Media

0 comments:

Post a Comment