Tuesday, June 16, 2020

တရုတ်-မြန်မာ ကျွမ်းကျင်လုပ်သားဖလှယ်ရေး ဌာနသစ်ဖွဲ့စည်း

တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်ပညာရှင် နဲ့လုပ်သားတွေ အပြန်အလှန်စေလွှတ်တာဝန်ပေးနိုင်မယ့် အမြန်လမ်းဆိုတဲ့ ဌာနအသစ်တခုကို ပူးပေါင်းဖွဲ့စည်းတည်ထောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။
တရုတ်ကုမ္ပဏီက ပုဂ္ဂိုလ်တယောက်အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးကိစ္စနဲ့လာချင်ရင်၊ အဲဒီ အမြန်လမ်းဆိုတဲ့ဌာနကို အရင်ဆုံးဆက်သွယ်ရမှာဖြစ်ပြီး၊ ဒီဌာနကနေ သူလိုအပ်မယ့်မြန်မာဘက်က ဌာနနဲ့ ဆက်သွယ်ပေးမှာဖြစ်ပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်တဲ့လုပ်ငန်းခွင်တွေ၊ လျှပ်စစ်စက်ရုံတွေနဲ့ အခြေခံအဆောက်အဦး စီမံကိန်းတွေကိုပြန်စတဲ့အခါ လိုအပ်မယ့်သူတွေကို စေလွှတ်နိုင်ဖို့အတွက်ဖွဲ့စည်းတာလို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ကျောက်လီဂျန်းက ပြောပါတယ်။
တရုတ်ရဲ့ပိုးလမ်းမစီမံကိန်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ CMEC လို့ခေါ်တဲ့ တရုတ်-မြန်မာစီးပွားရေး စင်္ကြန်လမ်းက လုပ်ငန်းခွင်တွေမှာအဆင်ပြေဖို့အပြင်၊ နှစ်နိုင်ငံ လူမှုရေးနဲ့စီးပွားရေးဖွံ့ဖြိုးရေးမှာပါ အဆင်ပြေအောင်ရည်ရွယ်ပြီး ဒီလို အမြန်လမ်းဆိုတာကို ဖွဲ့စည်းတာလို့လဲ သူကပြောပါတယ်။
အမြန်လမ်းဌာနနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီက CNPC ဆိုတဲ့တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းနဲ့ CITIC ဆိုတဲ့ တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကော်ပိုရေးရှင်း တို့ဖြစ်ပြီး၊ ကုမ္ပဏီတော်တော်များများကတော့ မချိတ်ဆက်ကြသေးဘူးလို့ သိရပါတယ်။
Ref ; RFA

0 comments:

Post a Comment