Wednesday, June 24, 2020

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ ကိုဗစ် ၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်အလိုက် ပိုးသတ်ဆေးဖြန်းတာကို မနေ့ဇွန်လ(၂၃)ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
စစ်တွေမြို့က အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Green Network - Sittwe အဖွဲ့ သားတွေက PPE ဝတ်စုံတွေနဲ့အတူ စစ်တွေမြို့တွင်းမှာလှည့်လည်ပြီး ပိုးသတ်ဆေးဖြန်းခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာအရေအတွက် ထပ်တိုးနေတာကိုလည်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ရခိုင်ပြည်နယ်အတွင်းက လက်ရှိကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိထားတဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာလည်း အစိုးရဌာနဆိုင်ရာတွေကလည်း ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment