Thursday, June 25, 2020

အိမ်အကူကလေးငယ်ကို အဓမ္မပြုကျင့်နှိက်စက်ခဲ့သည့် မင်းရာဇာတို့ အမှုကို မစစ်ဆေးဖြစ်

အိမ်အကူကို အဓမ္မပြုကျင့်နှိက်စက်မှု စသည့် ပုဒ်မတို့ဖြင့်တရားရင်ဆိုင်နေရသည့် မင်းရာဇာပါ ၃ ဦးတို့အမှုကို မစစ်ဆေးဖြစ်ကြောင်း သိရသည်။
၁၄ နှစ်အရွယ် ၎င်းတို့၏အိမ်အကူမိန်းကလေးကို သရုပ်ဆောင်မင်းရာဇာက အဓမ္မပြုကျင့်ပြီး ဇနီးဖူးငုံပွင့်နှင့် ယာဉ်မောင်းရခိုင်လေး တို့ကအမှုမပေါ်ပေါက်ရေးအတွက် ပူးပေါင်းနှိပ်စက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တရားရင်ဆိုင်နေကြရသော ၎င်းတို့ ၃ ဦးကို ဇွန် ၂၅ ရက်၌ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် မင်းရာဇာအပေါ် အဓမ္မပြုကျင့်မှုပုဒ် - ၃၇၆ ဖြင့် အရှေ့ပိုင်းခရိုင်၌အမှုဖွင့်ထားပြီး ထပ်မံ၍မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် ပုဒ်မ - ၃၇၆/၃၄ ဖြင့် ၎င်းတို့ ၃ ဦးကို တရားစွဲတင်ထားသည့်အပြင် အိမ်အကူကိုထိခိုက်နာကျင်စေသူမင်းရာဇာ၏ယောက္ခမကိုလည်း ပုဒ်မ - ၃၂၅ ဖြင့် အမှုဖွင့်ကာ အာမခံပေးထားကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ တရားခံမင်းရာဇာတို့ဘက်က အရှေ့ပိုင်းခရိုင်တရားရုံးတစ်ခုတည်းတွင်သာ အမှုအားလုံးစစ်ဆေးပေးရန်အတွက် လျှောက်ထားခဲ့သော်လည်း ခရိုင်တရားရုံးက ပယ်ချလိုက်သည်။
ဖြစ်စဉ်မှာလူမှုကွန်ယက်စာမျက်နှာထက်၌သတင်းပြန့်နှံ့ခဲ့မှုကြောင့် မင်းရာဇာတို့ဇနီးမောင်နှံနှင့် ရခိုင်လေးတို့ ၃ ဦးသည် ကားဖြင့်ထွက်ပြေးတိမ်းရှောင်ကြရာတွင် မြဝတီမြို့၌လက်နက်ကိုင်အဖွဲ့ကဖမ်းမိပြီး ရဲတပ်ဖွဲ့လက်သို့ လွဲပြောင်းအပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းတို့အပေါ်စွဲဆိုချက်များနှင့်ပတ်သက်၍ လာမည့်ဇူလိုင် ၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
crd-အကုန်သိ #Myanmar_Online_News
>>zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment