Thursday, June 25, 2020

ရန်ကုန်- ပုသိမ် ကွန်ကရစ်လမ်းမကြီး ပြီးစီးပါက သွားလာရန် ကြာချိန် ယခင် (၅) နာရီခန့် မှ ယခု (၃) နာရီကျော်ဖြင့် သွားလာနိုင်မည်

ရန်ကုန်-ပုသိမ်လမ်းသည် ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ၁၁၃ မိုင် ၂ ဖာလုံ ရှည်လျားပြီး ရန်ကုန်-ပုသိမ်လမ်း မိုင် (၄၁/၃) ဗိုလ်မြတ်ထွန်းတံတားမှတစ်ဆင့် ဓနုဖြူ၊ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင် မြို့များ၊ မိုင်(၅၆/၀)မှ မြောင်းမြ၊ ဝါးခယ်မမြို့များ မိုင်(၃၃/၀) ကဇန်းလမ်းဆုံမှ မအူပင်မြို့များသို့ သွားလာရသော အဓိကလမ်းမကြီးတစ်ခု ဖြစ်သည်။ ယခင်မူလလမ်းမှာ အကျယ် ၂၄ ပေနှစ်လမ်းသွား ကတ္တရာလမ်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အပိုင်းမှာ မိုင် (၁၇/၄) မှ စတင်သည်။
ယခုကာလတွင် ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ တစ်နေ့ပျမ်းမျှယာဉ် (၃၈၀၀) စီး၊ ဗိုလ်မြတ်ထွန်း တံတားမှ ပုသိမ်မြို့သို့ တစ်နေ့ပျမ်းမျှယဉ် (၂၇၀၀) စီး ဖြတ်သန်းသွားလာလျက်ရှိပြီး ရုံးပိတ်ရက်များ၊ ခရီးသွား ကာလတွင် ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ တစ်နေ့ပျမ်းမျှယာဉ် (၆၀၀၀) စီးခန့်၊ ဗိုလ်မြတ်ထွန်းတံတားမှ ပုသိမ်မြို့သို့ တစ်နေ့ပျမ်းမျှယဉ် (၄၀၀၀) စီးခန့်ဖြတ်သန်း သွားလာလျက်ရှိသည်။
ရန်ကုန်မှ ဗိုလ်မြတ်ထွန်း တံတားအထိ အပိုင်းသည် ယာဉ်သွားလာမှုများပြားပြီး အရေးကြီးသော လမ်းပိုင်းဖြစ်သည့်အတွက် မူလလမ်းမှာ အကျယ် ၂၄ ပေနှစ်လမ်းသွား ကတ္တရာလမ်းမှ ၃၀ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်သဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ စတင် ဆောင်ရွက်လျက်ရှိသည်။
ယခင်ကာလက (၅) နာရီခန့် သွားလာရာမှ ယခုကွန်ကရစ် လမ်းသစ်ပြီးစီးသွားပါက ယာဉ်ပိတ်ဆို့မှု မရှိဘဲ (၃) နာရီကျော်ဖြင့် သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
Source from IPRD via-popolay #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment