Thursday, June 18, 2020

ကရင်ပြည်နယ် မြဝတီတွင် ငါးဂိမ်းလောင်းကစားစက် ၁၀ လုံးအပါအဝင် တရုတ်နိုင်ငံသား ၃ ဦးအား ဖမ်းဆီးရမိ

ဇွန်လ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ကျောက်ဖျာဂိတ် အနီး အောက်ချိုင့် ၂ လမ်း တွင် ငါးဂိမ်းလောင်းကစားရုံ ဖွင့်ရန်ပြင်ဆင်နေသည့် တရုတ်နိုင်ငံသား ၃ ဦး နှင့်အတူ ငါးဂိမ်းလောင်း ကစားစက် ၁၀ လုံး အား နယ်မြေတပ်မတော် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းတရုတ်နိုင်ငံသား (၃) ဦးအား သက်ဆိုင်ရာမှ လိုအပ်သည်များကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် မြဝတီမြို့မရဲစခန်းတွင် တည်ဆဲဥပဒေအရ အမှုဖွင့်အရေးယူသွားမည်ဟု မြဝတီမြို့မရဲစခန်း မှ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်.၁၉ အရေးပေါ်ကာလကို ဇွန်လ ၃၀ ရက်နေ့အထိ တိုးမြှင့်ထားသည်။
သတင်း - နေနော်(မြဝတီ)

0 comments:

Post a Comment