
လက်ရှိ နှစ်ဖက်တပ်အချင်းချင်း ပြဿနာဖြစ်ပွားနေသော နှစ်နိုင်ငံနယ်စပ်တွင် လိုအပ်လာပါက နယ်စပ်ကိုကာကွယ်ဖို့ စစ်တပ်အင်အားသုံးမှာ ဖြစ်ကြောင်း နယ်စပ်လုံခြုံအောင် အိန္ဒိယစစ်တပ်ကအထူးလုပ်ဆောင်ပေးမှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ကတိပြုပြောကြားလိုက်ကြောင်း သိရသည်။
အဆိုပါနေရာတွင် တနင်္လာနေ့က နယ်စပ်မှာ တရုတ်တပ်ဖွဲ့တွေနဲ့ အင်အားသုံးတိုက်ခိုက်မှုတွေကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးခဲ့ပြီးနောက် အခုလိုပြောကြားလိုက်တာဖြစ်ပြီး အိန္ဒိယနယ်မြေထဲမှာ ဘယ်နိုင်ငံခြားစစ်သားမှမရှိသလို နယ်မြေဆုံးရှုံးခဲ့တာလည်းမရှိဘူးလို့ မိုဒီက ပြောကြားခဲ့သည်။
လက်ရှိတွင် အင်အားကြီး နျူကလီးယားပိုင်ဆိုင်သော နိုင်ငံကြီး ၂ နိုင်ငံဟာ နယ်မြေပိုင်းခြားသတ်မှတ်မှုအားနည်းတဲ့နယ်စပ်ကို ကျော်လာတယ်လို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စွပ်စွဲပြီး နှစ်ဖက်တပ်အချင်းချင်း ပြဿနာ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။




Source : BBC
Ref : Galwan Valley: India PM Modi says military will keep borders secure
0 comments:
Post a Comment