Wednesday, June 24, 2020

စနစ်တကျမှတ်ပုံတင်ထားခြင်းမရှိသော ဆင်းကတ်များကို ဇွန် ၃၀ ရက်နောက်ပိုင်း ဖျက်သိမ်းသွားမည်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ညွှန်ကြားချက်များအရ စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းကတ်များကို ဇွန် ၃၀ ရက် နောက်ပိုင်းတွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
ထိုသို့ ဖျက်သိမ်းခြင်းခံရသော ဆင်းကတ်များမှ ကျန်ရှိသော လက်ကျန်ငွေများကိုလည်း ညွှန်ကြားချက်အတိုင်း အစိုးရသို့ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။
သို့ဖြစ်၍ အပိုလက်ဆောင်များနှင့်အတူ ဝန်ဆောင်မှုများ ဆက်လက်သုံးစွဲပြီး လက်ကျန်ငွေများ မဆုံးရှုံးစေရန်အတွက် ဇွန် ၃၀ မတိုင်မီ ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်းများကို လုပ်ဆောင်ကြရန် သုံးစွဲသူများအား တယ်လီနောမြန်မာက တိုက်တွန်းထားသည်။
မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ လမ်းညွှန်ချက်များအရ ဆင်းကတ်အားလုံးသည် စိစစ်အတည်ပြုနိုင်သော သက်သေခံကတ် (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသ ားများအတွက် နိုင်ငံကူးလက်မှတ်) ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး သုံးစွဲသူတစ်ဦးချင်းစီသည် အော်ပရေ တာတစ်ခုလျှင် ဆင်းကတ် ၂ ခုသာ ကိုင်ဆောင်ခွင့်ရှိမည်ဖြစ်သည်။
ထိုလမ်းညွှန်ချက်များသည် မြန်မာနိုင်ငံရှိ မိုဘိုင်းအော်ပရေတာအားလုံးအနေဖြင့် တန်းတူညီမျှ လိုက်နာလုပ် ဆောင်ရမည်ဖြစ်ပြီး အော်ပရေတာတိုင်းသည် မှန်ကန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့် အတည်ပြုမှုမရှိဘဲ ဆင်းကတ်များအား သုံးစွဲခွင့်ပေးခြင်း သို့မဟုတ် သုံးစွဲသူများအား နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ်လျှင် ဆင်းကတ် ၂ ကတ်ထက်ပို၍ သုံးစွဲခွင့်မပြုရန် လမ်းညွှန်ထားသည်။
မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော ဆင်းကတ်များသည် ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းတွင် ဖျက်သိမ်းခြင်းခံရမည်ဖြစ်သည်။
ထိုသို့ ဆင်းကတ်ဖျက်သိမ်းခြင်းခံရသော သုံးစွဲသူများသည် မည်သည့်လျော်ကြေးမျှ ရရှိမည်မဟုတ်သည့်အပြင် ဇွန် ၃၀ နောက်ပိုင်းတွင် ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်းများကိုလည်း ပြုလုပ်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။
ဆင်းကတ်ပြန်လည်မှတ်ပုံတင်ပြီးပါကလည်း မိမိတို့၏ မိုဘိုင်းဖုန်းနံပါတ်နှင့် ချိတ်ဆက်ထားသော လူမှုမီဒီယာအကောင့်များ၊ အွန်လိုင်းငွေပေးချေမှုများ၊ Direct Carrier Billing services နှင့် အပိုထပ်ဆောင်းဝန် ဆောင်မှုများ (VAS) ကိုလည်း အဆင်ပြေချောမွေ့စွာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်းကို အခမဲ့လုပ်ဆောင်နိုင်ပြီး အွန်လိုင်းချန်နယ်များမှတစ်ဆင့်လည်း လွယ်ကူလျင်မြန်စွာ မှတ်ပုံတင်နိုင်သည့်အပြင် တယ်လီနောစတိုး သို့မဟုတ် လက်လီအရောင်းဆိုင်များတွင်လည်း တယ်လီနောဆင်းကတ်များနှင့် မိမိတို့၏မှတ်ပုံတင်များကို ယူဆောင်ကာ သွားရောက်မှတ် ပုံတင်နိုင်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
အကယ်၍ သုံးစွဲသူတွင် နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိခြင်း သို့မဟုတ် ထိုစိစစ်ရေးကတ်မှာ ဖတ်ရှုရန်အတွက် ခက်ခဲခြင်းများ ဖြစ်ပေါ်နေပါက နီးစပ်ရာ အစိုးရရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြန်လည်လျှောက်ထားနိုင်ကြောင်း သိရသည်။
Ref ; MDN

0 comments:

Post a Comment