Friday, June 26, 2020

မွန်ဂိုလီးယား ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ ထပ်မံအနိုင်ရရှိ

မနေ့က ကျင်းပခဲ့သော မွန်ဂိုလီးယားနိုင်ငံရဲ့ လွှတ်တော်အတွက် ရွေးကောက်ပွဲကို လက်ရှိအာဏာရ ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိကြောင်း မဲအားလုံးနီးပါး ရေတွက်အပြီး ဒီနေ့ ကြေညာလိုက်တာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ထိန်းချုပ်ရန်အတွက် နိုင်ငံ့နယ်စပ်ဂိတ်တွေကို ပိတ်ထားစဉ်မှာ နိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်အောင် လုပ်ဆောင်ရေးမှာ လက်ရှိအာဏာရပါတီ Mongolian People's Party (MPP) ရဲ့ လက်ရှိဝန်ကြီးချုပ် ရင်ဆိုင်မယ့်အခက်အခဲဖြစ်ပါတယ်။
တရုတ်နဲ့ ရုရှားနိုင်ငံတွေကြားက လူဦးရေ သုံးသန်းနေထိုင်တဲ့ မွန်ဂိုလီယားနိုင်ငံရဲ့ လွှတ်တော်မှာ ကိုယ်စားဦးရေ ၇၆ နေရာမှာ MPP က ၆၃ နေရာရရှိခဲ့ကြောင်း ဒီနေ့(ကြာသပတေးနေ့) ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ ပြီးတဲ့အကြိမ်ရွေးကောက်ပွဲရလဒ်ထက် လွှတ်တော်ကိုယ်စားလှယ် နေရာ နှစ်နေရာ လျော့ ရခဲ့တာလို့ သိရပါတယ်။
ဆန္ဒမဲရဲ့ ၉၉ ရာခိုင်နှုန်း ရေတွက်အပြီးမှာ အတိုက်အခံပါတီ Democratic Party က လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၀ နေရာရရှိကြာင်း၊ လွှတ်တော်ရဲ့ ကျန်နေရာတွေကို တသီးပုဂ္ဂလ နဲ့ တတိယပါတီမှ ကိုယ်စားတွေ ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ရလဒ်အားလုံးကို ဒီနေ့ ညနေပိုင်းမှာ အတည်ပြုကြေညာသွားမယ်လို့ သိရပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ၁၂၁ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၆၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရပါတယ်။
Source - AFP

0 comments:

Post a Comment