Monday, June 15, 2020

အိန္ဒိယမှာ ကိုဗစ်-၁၉ လူနာတွေအတွက် ဆေးရုံမလောက်လို့ မီးရထားတွဲတွေကို အသုံးပြုရတော့မည်

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုတွေ တစ်ဟုန်ထိုးမြင့်လာနေတာကြောင့် လူနာများထားဖို့အတွက် ကုတင်ပေါင်း ၈၀၀၀ထပ်မံရရှိရေး မီးရထားရထားတွဲ ၅၀၀ကို ပြောင်းလဲဖန်တီး အသုံးပြုသွားမှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှု အလျင်အမြန်တိုးမြင့်ခြင်းအပါအဝင် ဒေလီမြို့တော်အတွက် အရေးပေါ်စည်းကမ်းသစ်တွေကိုလည်း ပြည်ထဲရေးဝန်ကြီးက ကြေညာထားပြီး သက်ကြီးရိပ်သာတွေကိုလည်း ဗိုင်းရပ်စ်လူနာတွေအတွက် အသုံးပြုသွားမယ် သိရပါတယ်။
ဒေလီမြို့ဟာ မဟာရာရှာထရာနဲ့ တမီနာဒူတို့ပြီးရင် ဗိုင်းရပ်စ်ဒါဏ်ကို အဆိုးရွားဆုံးခံစားရတဲ့ တတိယမြောက်ဒေသဖြစ်တယ်လို့ Hindustan Times သတင်းဌာနက ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နေ့စဉ်ရောဂါကူးစက်ခံရမှုနှုန်းဟာ လူပေါင်း(၁၂၀၀၀)နီးပါးထိအောင် ရောက်ရှိနေပြီဖြစ်ပါတယ်။
ယခုအခါ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူစုစုပေါင်း(၃၂၀၉၂၂)ရှိနေတယ်လို့ တရားဝင်အတည်ပြုထားပြီး ဒီအရေအတွက်ဟာ အမေရိကန်၊ ဘရာဇီးနဲ့ရုရှားနိုင်ငံတို့ပြီးရင် ကမ္ဘာမှာ စတုတ္ထကူးစက်မှု အများဆုံးဖြစ်ပါတယ်။
နိုင်ငံအတွင်း သေဆုံးသူဦးရေဟာ(၉၁၉၅ )ဦးထိရှိနေတယ်လို့ အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment