Thursday, June 25, 2020

ငါးလုပ်ငန်း လက်ထောက်ဦးစီးမှူးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက လက်ထောက်ဦးစီးမှူး အဆင့်ရှိသူထံကနေ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက ဝန်းသိုမြို့နယ်အပိုင် ဝန်းသို-ပင်လည်ဘူးသွား ကားလမ်းမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဝန်းသိုမြို့ မြို့မရဲစခန်းတာဝန်ရှိသူတွေ၊ မူးယစ်တားအဖွဲ့တွေပူးပေါင်းကာ မူးယစ်ဆေးဝါး သတင်းအရ ဝန်းသို-ပင်လည်ဘူးကားလမ်း၊ ဝင်းကြီးအုပ်စု၊ ၉ မိုင်အနီး နယ်စပ်တောင်ထိပ်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် ဝန်းသိုမြို့ဘက်ကနေ မောင်းနှင်လာတဲ့ အဖြူရောင် Mark II ကားကို တားဆီးစစ်ဆေးရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ကားကို ငါးလုပ်ငန်းလက်ထောက်ဦးစီးမှူးဖြစ်သူ တေဇာဝင်း (၃၃ နှစ်)က မောင်းနှင်လာတာဖြစ်ပြီး ကားအတွင်း တရုတ်စာတမ်းပါ အဖြူရောင်ကော်ဘူးအတွင်းက ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါအမှုန့် ၀.၂ ဂရမ်၊ တန်ဖိုး ကျပ် ၂၀၀၀၀ နဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတချို့၊ လိုင်စင်စိစစ်ဆဲ အဖြူရောင် တိုယိုတာမာ့ခ်တူးယာဉ်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ တာဝန်ကျရာ ကောလင်းမြို့ကနေ ဇာတိဖြစ်တဲ့ ပင်လည်ဘူးမြို့နယ်ကို အပြန်မှာ အခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကိုတော့ ၁ ဂရမ်ကို ကျပ် ၁ သိန်းနဲ့ ပင်လည်ဘူးမြို့နယ်၊ ဂဏန်းကျေးရွာအနီးမှာ အမည်မသိ အမျိုးသားတစ်ဦးထံကနေ ဝယ်ယူခဲ့တာလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ တေဇာဝင်း (၃၃ နှစ်)ကိုတော့ ဝန်းသိုမြို့မရဲစခန်းက မူးယစ်(ပ)၇၀/၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၆(ဂ)နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
>>zawgyi<<

0 comments:

Post a Comment