Thursday, June 18, 2020

အမေရိကန်နိုင်ငံသည် စစ်တပ်နှင့်ဆက်နွှယ်နေသော တရုတ်ဘွဲ့ရကျောင်းသားများအား အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ခွင့်ကိုတားမြစ်

တရုတ်နိုင်ငံလွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ဆက်နွှယ်မှုရှိနေသည်ဟု သံသယရှိနေသည့် တရုတ်ကျောင်းသားများကို အမေရိကန်မှတားမြစ်ချက်အသစ် တစ်ခုကိုချမှတ်ခဲ့ပါသည်။ ၎င်းအပေါ်အမေရိကန်ရှိ သုတေသီခေါင်းဆောင်များအကြား စိုးရိမ်မှု များဖြစ်ပေါ်စေခဲ့ပါသည်။
အဆိုပါတားမြစ်ချက်ကို အမေရိကန်သမ္မတ Donald Trump မှ မေလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဇွန်လ ၁ရက်နေ့အသက်ဝင်ခဲ့ပါသည်။ ၎င်းသည် တရုတ်ကျောင်းသားများအနေဖြင့် အမေရိကန်၏အထိအခိုက်မခံနိုင်သော ဆန်းသစ်သော နည်းပညာများသင်ယူခြင်းကို ပိတ်ဆို့ရန်နှင့် ၎င်းတို့၏ နည်းပညာများတရုတ် တပ်မတော်ထံရောက်ရှိသွားမည်ကိုစိုးရိမ်သည့်အတွက်ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသည် တရုတ်နိုင်ငံမှ ဘွဲ့လွန်ကျောင်းသားများနှင့် ပါရဂူဘွဲ့လွန်သုတေသီ များကို အဓိကပစ်မှတ်ထားခြင်းဖြစ်ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ကျောင်းသာကိုမဆို တားမြစ်ရန်အတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ အနောက်မြောက်ပိုင်း Polytechnical တက္ကသိုလ်၊ Harbin အင်ဂျင်နီယာတက္ကသိုလ်၊ Beihang နည်းပညာတက္ကသိုလ်၊ Aeronautics တက္ကသိုလ်၊ လေယာဉ်တည်ဆောက်ခြင်းနှှင့် အာကာသဆိုင်ရာ နည်းပညာတက္ကသိုလ်တို့မှ တရုတ်ကျောင်းသားများကို အဓိကထားကြောင်း အမေရိကန်နိုင်ငံမှ အမည်မဖော်လိုသူ အမေရိကန်အရာရှိများမှ သတင်းစာတွင်ကိုးကား ပြောဆိုခဲ့ပါသည်။
တားမြစ်မှုသည် အမေရိကန်နိုင်ငံတွင် တရာဝင်နေထိုင်ခွင့်ရှိသည့်သူများအပေါ် တွင် သက်ရောက်မှုမရှိကြောင်းနှင့် အမေရိကန်နိုင်ငံသားနှင့် လက်ထပ်ထားပြီးနေထိုင် သောသူများအတွက် မဟုတ်ကြောင်းပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံရှိ သုတေသီများသည် အဆိုပါတားမြစ်ချက်ကို ဆန့်ကျင်ခဲ့ ကြပါသည်။ အမေရိကန်ရှိဘွဲ့ရသုတေသီများသည် နိုင်ငံတကာမှ ကျောင်းသားများ ဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံမှဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းတို့မရှိပါက အမေရိကန်တက္ကသိုလ်များသည် ကျောင်းဝင် သုတေသနအတွက် အရေးကြီးသော ပံ့ပိုးမှုများဆုံးရှုံးမည်ဖြစ်သည့်အတွက် ထိခိုက်နစ်နာမှုများရှိမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ အမေရိကန်နိုင်ငံ တက္ကသိုလ်အနေဖြင့် ကျောင်းသားများထံမှ ကျောင်းလခ မရရှိပါက တက္ကသိုလ်အနေဖြင့်ငွေရေးကြေးရေးအရ ထိခိုက်မှုများရှိလာနိုင်ကြောင်း ကိုလည်း ပြောကြားခဲ့ပါသည်။
source- CGTN #Myanmar_Online_News
>>zawgyi<<
အမေရိကန်နိုင်ငံသည် စစ်တပ်နှင့်ဆက်နွှယ်နေသော တရုတ်ဘွဲ့ရကျောင်းသားများအား အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ခွင့်ကိုတားမြစ်
Thursday, June 18, 2020
တရုတ်နိုင်ငံလွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ဆက်နွှယ်မှုရှိနေသည်ဟု သံသယရှိနေသည့် တရုတ်ကျောင်းသားများကို အမေရိကန်မှတားမြစ်ချက်အသစ် တစ်ခုကိုချမှတ်ခဲ့ပါသည်။ ၎င်းအပေါ်အမေရိကန်ရှိ သုတေသီခေါင်းဆောင်များအကြား စိုးရိမ်မှု များဖြစ်ပေါ်စေခဲ့ပါသည်။
အဆိုပါတားမြစ်ချက်ကို အမေရိကန်သမ္မတ Donald Trump မှ မေလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဇွန်လ ၁ရက်နေ့အသက်ဝင်ခဲ့ပါသည်။၎င်းသည် တရုတ်ကျောင်းသားများအနေဖြင့် အမေရိကန်၏အထိအခိုက်မခံနိုင်သော ဆန်းသစ်သော နည်းပညာများသင်ယူခြင်းကို ပိတ်ဆို့ရန်နှင့် ၎င်းတို့၏ နည်းပညာများတရုတ် တပ်မတော်ထံရောက်ရှိသွားမည်ကိုစိုးရိမ်သည့်အတွက်ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသည် တရုတ်နိုင်ငံမှ ဘွဲ့လွန်ကျောင်းသားများနှင့် ပါရဂူဘွဲ့လွန်သုတေသီ များကို အဓိကပစ်မှတ်ထားခြင်းဖြစ်ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ကျောင်းသာကိုမဆို တားမြစ်ရန်အတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ အနောက်မြောက်ပိုင်း Polytechnical တက္ကသိုလ်၊ Harbin အင်ဂျင်နီယာတက္ကသိုလ်၊ Beihang နည်းပညာတက္ကသိုလ်၊ Aeronautics တက္ကသိုလ်၊ လေယာဉ်တည်ဆောက်ခြင်းနှှင့် အာကာသဆိုင်ရာ နည်းပညာတက္ကသိုလ်တို့မှ တရုတ်ကျောင်းသားများကို အဓိကထားကြောင်း အမေရိကန်နိုင်ငံမှ အမည်မဖော်လိုသူ အမေရိကန်အရာရှိများမှ သတင်းစာတွင်ကိုးကား ပြောဆိုခဲ့ပါသည်။
တားမြစ်မှုသည် အမေရိကန်နိုင်ငံတွင် တရာဝင်နေထိုင်ခွင့်ရှိသည့်သူများအပေါ် တွင် သက်ရောက်မှုမရှိကြောင်းနှင့် အမေရိကန်နိုင်ငံသားနှင့် လက်ထပ်ထားပြီးနေထိုင် သောသူများအတွက် မဟုတ်ကြောင်းပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံရှိ သုတေသီများသည် အဆိုပါတားမြစ်ချက်ကို ဆန့်ကျင်ခဲ့ ကြပါသည်။ အမေရိကန်ရှိဘွဲ့ရသုတေသီများသည် နိုင်ငံတကာမှ ကျောင်းသားများ ဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံမှဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းတို့မရှိပါက အမေရိကန်တက္ကသိုလ်များသည် ကျောင်းဝင် သုတေသနအတွက် အရေးကြီးသော ပံ့ပိုးမှုများဆုံးရှုံးမည်ဖြစ်သည့်အတွက် ထိခိုက်နစ်နာမှုများရှိမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ အမေရိကန်နိုင်ငံ တက္ကသိုလ်အနေဖြင့် ကျောင်းသားများထံမှ ကျောင်းလခ မရရှိပါက တက္ကသိုလ်အနေဖြင့်ငွေရေးကြေးရေးအရ ထိခိုက်မှုများရှိလာနိုင်ကြောင်း ကိုလည်း ပြောကြားခဲ့ပါသည်။
source- CGTN #Myanmar_Online_News

0 comments:

Post a Comment