Sunday, June 21, 2020

နှစ်နိုင်ငံနယ်စပ်ပြဿနာမှာ တရုတ်စစ်သား ၄၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ အိန္ဒိယပြော

ယခုသီတင်းပတ်အတွင်း နှစ်နိုင်ငံနယ်စပ်တွင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ တရုတ်စစ်သား ၄၀ ထက်မနည်းသေဆုံးသွားတယ်လို့ အိန္ဒိယအစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟိမဝန္တာဒေသ ဂယ်ဝန်ချိုင့်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခမှာ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။ အဲ့ဒီဖြစ်စဉ်မှာ အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ၇၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မိမိတို့ဘက်မှာ တပ်ဖွဲ့ဝင် ၂၀ ဦးကျဆုံးခဲ့ပြီး တရုတ်ဘက်မှာတော့ ဒီထက်နှစ်ဆကျဆုံးခဲ့တယ်လို့ အိန္ဒိနိုင်ငံ လမ်းတံတားနဲ့ပို့ဆောင်ရေးဝန်ကြီး V.K.Singh ကပြောပါတယ်။
ယခင်က စစ်ဘက်အကြီးအကဲဟောင်းဖြစ်သူ V.K.Singh ကတော့သူ့ရဲ့ သက်သေအထောက်အထားတွေကို ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် ၁၉၆၂ နှစ် နှစ်နိုင်ငံပဋပက္ခအပါအဝင် စစ်ရေးနဲ့ပတ်သက်တဲ့ ဒါဏ်ရာရ သေဆုံးမှုတွေကို တရုတ်နိုင်ငံက အစဉ်အလာအားဖြင့် ဘယ်တော့မှထုတ်ဖော်ပြောဆိုခြင်းမရှိဘူးလို့ သူကပြောပါတယ်။
တရုတ်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရတာမျိုးရှိပေမယ့် အသေးစိတ်မသိရှိရသေးဘူးလို့ တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ပဋိပက္ခဖြစ်ပွားပြီးနောက် အိန္ဒိယနယ်မြေ ဘက်ကို လမ်းလွဲဝင်ရောက်လာတဲ့ တရုတ်တပ်ဖွဲ့ဝင်တွေကို အိန္ဒိယကပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ V.K.Singh ကပြောပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment