Friday, June 19, 2020

ပြည်သူ ၅ဒသမ၄သန်းကို တစ်အိမ်ထောင် ကျပ်၂သောင်းနှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့ရန် စီစဉ်

ဇွန် ၁၉ ရက်နေ့နေပြည်တော်၊ သမ္မတအိမ်တော်ဝင်းအတွင်းရှိသမ္မတအိမ်တော်ရှင်းလင်းဆောင်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချူပ် ဦးဇော်ဌေးက နိုင်ငံတော်အစိုးရ၏ Covid-19ကာလ စားနပ်ရိက္ခာ ၅ မျိုးထောက်ပံ့မှု ဒုတိယအကြိမ်အဖြစ် ပြည်သူ ၅ သန်း၊ ၄ သိန်းကို တဟ်အိမ်ထောင် ကျပ်၂သောင်းနှုန်း ထောက်ပံ့ပေးရန်စီစဥ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ရှေ့ပြေးစီမံချက် pilot projectစီမံချက်အဖြစ် နေပြည် တော်ပုဗ္ဗသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြိုတို့ကိုစတင်ပေးဝေမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုဝင်၏ဖုံးနံပါတ်များတောင်းထားပြီး Mobile Payment(ဖုန်းဖြင့်ငွေလွဲ)ဖြင့် ပေးပို့မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
နိုင်ငံတော်အစိုးရက Covid-19 ကာလပထမအကြိမ် စားနပ်ရိက္ခာ ၅ မျိုးထောက်ပံ့မှုတွင်ပြည်သူ ၄ သန်းကျော်ကို ကျပ်ဘီလီယံ ၅၀ ကျော်အကုန်အကျခံပြီးဖြန့်ဝေခဲ့ပြီး နယ်စပ်မှပြန်ဝင်လာသူများနှင့်အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ပေးရန် ကျန်ရစ်ခဲ့သူပြည်သူ ၁.၅ သန်းအ တွက်လည်း တစ်အိမ်ထောင်ကျပ် ၁သောင်းခွဲနှုန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
crd-News Watch #Myanmar_Online_News
>>zawgyi<<
ပြည်သူ ၅ဒသမ၄သန်းကို တစ်အိမ်ထောင် ကျပ်၂သောင်းနှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့ရန် စီစဉ်
Friday, June 19, 2020
ဇွန် ၁၉ ရက်နေ့နေပြည်တော်၊ သမ္မတအိမ်တော်ဝင်းအ တွင်းရှိသမ္မတအိမ်တော်ရှင်းလင်းဆောင်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံ တော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချူပ် ဦးဇော်ဌေးက နိုင်ငံတော်အစိုးရ၏ Covid-19ကာလ စားနပ်ရိက္ခာ ၅ မျိုးထောက်ပံ့မှု ဒုတိယအကြိမ်အဖြစ် ပြည်သူ ၅ သန်း၊ ၄ သိန်းကို တဟ်အိမ်ထောင် ကျပ်၂သောင်းနှုန်း ထောက်ပံ့ပေးရန်စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ရှေ့ပြေးစီမံချက် pilot projectစီမံချက်အဖြစ် နေပြည် တော်ပုဗ္ဗသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြိုတို့ကိုစတင်ပေးဝေမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုဝင်၏ဖုံးနံပါတ်များတောင်းထားပြီး Mobile Payment(ဖုန်းဖြင့်ငွေလွဲ)ဖြင့် ပေးပို့မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
နိုင်ငံတော်အစိုးရက Covid-19 ကာလပထမအကြိမ် စားနပ်ရိက္ခာ ၅ မျိုးထောက်ပံ့မှုတွင်ပြည်သူ ၄ သန်းကျော်ကို ကျပ်ဘီလီယံ ၅၀ ကျော်အကုန်အကျခံပြီးဖြန့်ဝေခဲ့ပြီး နယ်စပ်မှပြန်ဝင်လာသူများနှင့်အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ပေးရန် ကျန်ရစ်ခဲ့သူပြည်သူ ၁.၅ သန်းအ တွက်လည်း တစ်အိမ်ထောင်ကျပ် ၁သောင်းခွဲနှုန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
crd-News Watch #Myanmar_Online_News

0 comments:

Post a Comment