Thursday, June 18, 2020

သံဖြူဇရပ် မိန်မလာတောင်တွင်ရေနစ်၍ (၄) ဦး သေဆုံး

သံဖြူဇရပ် မိန်မလာတောင်တွင် အသက်(၆၆)နှစ်အရွယ် အမျိုးသမီးကြီး (၁)ဦး နှင့် အသက်(၁၂) အရွယ်(၂) ဦးနှင့် (၁၁)နှစ်အရွယ် မိန်းကလေး(၁)ဦး စုစုပေါင်း(၄)ဦး သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရပါတယ်။ ကလေးမလေး(၃)ယောက်က ပင ဝယ်ကဝါရွာများဘက်မှဟု သိရပြီး အမျိုးသမီးကြီးက ဘုန်းကြီးကျောင်းမှာ ကပ္ပိယပုံစံမျိုးနေနေသူ ဖြစ်ပြီး ဘာမှမတော်စပ်ဟု သိရပါတယ်။
ကလေးတွေကလဲ ရွာဘက်မှလာပြီး မွန်ဘုန်းကြီးကျောင်း တွင် ဓမ္မစကူလ်းပုံစံလိုမျိုးသင်ကြားခံယူရန်လာနေကြသူများဟု ဒေသခံတစ်ဦးထံမှ စုံစမ်းသိရှိရပါတယ်။ရေနစ်တဲ့ ရေပြင်ကကျယ်ပါတယ်။ သံဖြူဇရပ်မြို့ မိန်မလာတောင်တွင် ရိုးရယ်အီးဂဲ ကုမ္မဏီမှ ရတနာသိုက် လာရောက်တူးဖော်ခဲ့စဉ် တူးခဲ့သော မြေကျင်းတွေက ကန် လိုဖြစ်သွားပြီး ရေပြင်ကျယ်ကြီး ဖြစ်နေခဲ့တာပါ။ ရေပြင်က ကျယ်ပြီး ရေတိမ်သည်ဟု ထင်ရပေမဲ့ တကယ်တမ်း ရေပြင်အောက်ဘက် တူးဆွထားသည့်နေရာများတွင် တွင်းများဂူများ ချိုင့်များဖြစ်နေပြီး ဝါးတပြန်ကျော်ခန့် နက်သည့်နေရာ နက်ပါတယ်။ ရုတ်တရတ် တိမ်နေရာမှ တွင်းနက်အတွင်း ကျသွားနိုင်သည့် အနေအထားရှိပါတယ်။ တူးပြီး ပြန်မဖို့ခဲ့ တော့ ဒီတိုင်းကျန်နေခဲ့တာပေါ့။
လတ်တလောတော့ (၄)ဦးလုံး ရေနစ်သေဆုံးသည်ဟု ကောက်ချက်ချထားပြီး တစ်ဦးရေနစ်လို့ တစ်ဦးလိုက်ဆယ်ရင်း ဖြစ်သည်လား။ ရေဆင်းကူးကြရင်း ရေတိမ်ရာမှ တွင်း နက်ထဲ ရုတ်တရတ်ချော်ကျပြီး နစ်ကြသည်လားဆိုသည်ကို တော့ မသိရပါ။
ယခု အမျိုးသမီး (၄)ဦးလုံးမှာ ညနေ(၃)နာရီခန့်ထဲက ပျောက်ဆုံးနေပြီး ရေကန်ဘေးတွင် ဖိနပ်များတွေ့ရာမှ လိုက်ရှာရှင်း ရေနစ်သေဆုံးသည်ကိုသိရှိရခြင်းဖြစ်ပါတယ်။ ပထမ(၃)ဦးအား အလွယ်တကူ ရှာတွေ့ပြီး နောက်ထပ် ကလေး အလောင်းတလောင်းအား အချိန်တော်တော်ကြာမှရှာဖွေတွေ့ရှိခဲ့ပါတယ်။
နာရေးကူညီမှုအသင်း နာကူလူငယ် ပိုင်ရှင်မဲ့လူမှုကူညီရေးပရဟိတညီအစ်ကိုများတို့မှ ကူညီရှာဖွေပြီး ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။
Ref ; Popolay

0 comments:

Post a Comment