Monday, June 15, 2020

ပုဂံကို သွားရောက်လည်ပတ်ခွင့် ပြန်ဖွင့်ပေးလိုက်ပြီ

ဇွန်လ ၁၄ ရက်နေ့ကစပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို သွားလာခွင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီး ခရီးသွားတွေ လာရောက်နေကြပြီလို့ ပုဂံဒေသခံ ဧည့်လမ်းညွှန်တစ်ဦးက ပြောပါတယ်။
ပုဂံဒေသခံဧည့်လမ်းညွှန် ကိုရန်မင်းအောင်က '' မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်တယ်။ ရွှေစည်းခုံကတော့ ညနေ ၄ နာရီအထိပဲ ဖွင့်တယ်။ မနက်ဖြန်တော့ ပြောင်းမယ်ထင်တယ်။

အာနန္ဒာ၊ ထီးလိုမင်းလိုလည်း ဖွင့်နေပြီ။ ဓမ္မရံကြီးနဲ့ စူဠာမဏိကတော့ မဖွင့်သေးဘူး။ မြို့ထဲမှာရှိတဲ့ အမှတ်တရပစ္စည်း လက်ဆောင်ဆိုင်တွေက ဖွင့်တယ်။ ဘုရားနားမှာရှိတဲ့ ဆိုင်တွေကတော့ မဖွင့်သေးဘူး။ ဧည့်သည်တွေ လာကြတယ်။ တည်းခိုခန်းလေးတွေကို ၆ ရက်နေ့က ဝင်စစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ တည်းခိုခန်းတွေကို ၇ ရက်နေ့မှာ ဖွင့်ခိုင်းလိုက်တယ်။ ဟိုတယ်တွေကို ၁၆ ရက်နေ့မှာ စဖွင့်မယ်''လို့ ရိုးရာလေးကို ပြောပါတယ်။
Ref ; Yoyarlay

0 comments:

Post a Comment