Thursday, June 18, 2020

ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂရုံးတွင် ဗကသရုံး(ယာယီ)ဖွင့်ခွင့်မပြုကြောင်း တိုင်းအစိုးရတားမြစ်

မကွေးတိုင်း၊ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ယာယီရုံးဖွင့်လှစ်ခြင်းကို မကွေးတိုင်းအစိုးရက တားမြစ်စာပို့ထားတယ်လို့ ပခုက္ကူမြို့တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဥက္ကဌ ဇလိုင်လောရှိလ်ကီးကပြောပါတယ်။
" မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ စာအမှတ် ၊ ၉/၁-၁၁/(၃၂)(လမရ)/အဖရ ဖြင့် လူမှုရေးဝန်ကြီးဒေါက် တာခင်မောင်အေးလက်မှတ်ရေးထိုးပြီး ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂရုံးတွင် ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ယာယီရုံးထိုင်ခြင်းကိစ္စကို ခွင့်မပြုကြောင်း ကန့်ကွက်စာကိုလည်း ပါမောက္ခချုပ်မှ တဆင့် သမဂ္ဂရုံးပေးပို့ထားတယ်"လို့ ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဥက္ကဌဇလိုင်လောရှိလ်ကီးကပြောပါတယ်။
အဲ့ဒီလိုတားမြစ်တဲ့အပေါ်ကို ကျောင်းသားသမဂ္ဂအဖွဲ့ကကြေငြာချက်တစ်ခု ပြန်လည်ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာ မကွေးတိုင်းအစိုးရကို ကျောင်းသားသမဂ္ဂအနေနဲ့ ပြင်းထန်စွာရှုတ်ချကြောင်း၊ မ ကွေးတိုင်းအစိုးရရဲ့ ဝင်ရောက်စွက်ဖက်ခြင်းကို လုံးဝ(လုံးဝ) လက်ခံသွားမှာမဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင်ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ရဲ့ လွတ်လပ်သောဆုံးဖြတ်ချက် အရ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်ကို ကျွန်ုပ်တို့ရုံး၌ ဆက်လက် ရုံးထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးလိပ်မှုပြီး ညွန်ကြားရေးမှူးအဆင့်ပညာရေးဦးစီးဌာန၊ ဝန်ကြီးချုပ်မကွေးတိုင်း အစိုးရအဖွဲ့ကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment