Friday, June 19, 2020

ဖမ်းထားသည့် အိန္ဒိယ စစ်သား အိန္ဒိယစစ်သား ၁၀ ဦး အား တရုတ်ပြန်လွှတ်

တနင်္လာနေ့က ထိပ်တိုက်ရင်ဆိုင်မှုများအပြီး ဖမ်းဆီးထိန်းသိမ်းထားသည့် ဒုတိယဗိုလ်မှူးကြီးတစ်ယောက်နှင့် ဗိုလ်မှူး ၃ ယောက်အပါအဝင် အိန္ဒိယစစ်သား ၁၀ ယောက်ကို တရုတ်ဘက်က ပြန်လွှတ်ပေးလိုက်သည်။
ပြန်လွှတ်ပေးခြင်းနှင့် ဖမ်းဆီးခံထားရခြင်း နှစ်ခုစလုံးကို အိန္ဒိယအစိုးရက အတည်ပြုခြင်းမရှိသေးပေ။
ဂါလွမ်တောင်ကြားမှ သေနတ်ပစ်ဖောက်ခြင်းမရှိဘဲ တုတ်များ၊ ကျောက်ခဲများဖြင့် အနီးကပ်တိုက်ခိုက်ခဲ့သည့် ထိပ်တိုက်ရင်ဆိုင်မှုကြောင့် အနည်းဆုံးအိန္ဒိယတပ်ဖွဲ့ဝင်အယောက် ၂၀ သေဆုံးခဲ့ပြီး အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေသည်။
တရုတ်စစ်တပ်ဘက်တွင်လည်း အထိအခိုက်ရှိကြောင်း အိန္ဒိယစစ်သားများကပြောသော်လည်း တရုတ်ဘက်က အတည်မပြုပေ။ နယ်မြေကျူးကျော်ခဲ့ကြောင်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲနေကြသည်။
နှစ်နိုင်ငံကြားနယ်မြေသည် ပိုင်းခြားသတ်မှတ်မှု အားနည်းပြီး မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုကိုလိုက်ပြီး နယ်မြေသတ်မှတ်မှုပြောင်းလဲနေကာ နယ်​မြေအရေးကြောင့် စဖြစ်သည့်တင်းမာမှုများပြေလျော့ရန် နှစ်ဖက်စစ်တပ်အရာရှိကြီးများဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ယခုတပ်ဖွဲ့ဝင်များပြန်လွှတ်ခြင်းမှာ ဗုဒ္ဓဟူးနေ့က နှစ်ဖက်ဆွေးနွေးမှုများ၏အဓိကအချက်ဖြစ်ကြောင်း India Today သတင်းစာ၏ အကြီးတန်းအယ်ဒီတာ ရှိဗ် အရိုးက တွစ်တာတွင်ပြောသည်။
Source - BBC #Myanmar_Online_News
>>zawgyi<<
ဖမ်းထားသည့် အိန္ဒိယ စစ်သား အိန္ဒိယစစ်သား ၁၀ ဦး အား တရုတ်ပြန်လွှတ်
Friday, June 19, 2020
တနင်္လာနေ့က ထိပ်တိုက်ရင်ဆိုင်မှုများအပြီး ဖမ်းဆီးထိန်းသိမ်းထားသည့် ဒုတိယဗိုလ်မှူးကြီးတစ်ယောက်နှင့် ဗိုလ်မှူး ၃ ယောက်အပါအဝင် အိန္ဒိယစစ်သား ၁၀ ယောက်ကို တရုတ်ဘက်က ပြန်လွှတ်ပေးလိုက်သည်။
ပြန်လွှတ်ပေးခြင်းနှင့် ဖမ်းဆီးခံထားရခြင်း နှစ်ခုစလုံးကို အိန္ဒိယအစိုးရက အတည်ပြုခြင်းမရှိသေးပေ။
ဂါလွမ်တောင်ကြားမှ သေနတ်ပစ်ဖောက်ခြင်းမရှိဘဲ တုတ်များ၊ ကျောက်ခဲများဖြင့် အနီးကပ်တိုက်ခိုက်ခဲ့သည့် ထိပ်တိုက်ရင်ဆိုင်မှုကြောင့် အနည်းဆုံးအိန္ဒိယတပ်ဖွဲ့ဝင်အယောက် ၂၀ သေဆုံးခဲ့ပြီး အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေသည်။
တရုတ်စစ်တပ်ဘက်တွင်လည်း အထိအခိုက်ရှိကြောင်း အိန္ဒိယစစ်သားများကပြောသော်လည်း တရုတ်ဘက်က အတည်မပြုပေ။ နယ်မြေကျူးကျော်ခဲ့ကြောင်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲနေကြသည်။
နှစ်နိုင်ငံကြားနယ်မြေသည် ပိုင်းခြားသတ်မှတ်မှု အားနည်းပြီး မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုကိုလိုက်ပြီး နယ်မြေသတ်မှတ်မှုပြောင်းလဲနေကာ နယ်မြေအရေးကြောင့် စဖြစ်သည့်တင်းမာမှုများပြေလျော့ရန် နှစ်ဖက်စစ်တပ်အရာရှိကြီးများဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ယခုတပ်ဖွဲ့ဝင်များပြန်လွှတ်ခြင်းမှာ ဗုဒ္ဓဟူးနေ့က နှစ်ဖက်ဆွေးနွေးမှုများ၏အဓိကအချက်ဖြစ်ကြောင်း India Today သတင်းစာ၏ အကြီးတန်းအယ်ဒီတာ ရှိဗ် အရိုးက တွစ်တာတွင်ပြောသည်။
Source - BBC #Myanmar_Online_News

0 comments:

Post a Comment