Tuesday, June 16, 2020

ပြည်ပပြန်လာသူများအနက်မှ ပိုးတွေ့ရှိမှုအများဆုံးဖြစ်သော အိန္ဒိယသို့ ကယ်ဆယ်ရေးလေယာဉ်အစီအစဉ် မရှိတော့

ပြည်ပပြန်လာသူများအနက်မှ ပိုးတွေ့ရှိမှု အများဆုံးဖြစ်သော အိန္ဒိယနိုင်ငံသို့ Relief Flight (ကယ်ဆယ်ရေးလေယာဉ်) အစီအစဉ်မရှိတော့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ပြောကြားခဲ့သည်။
ပြည်တွင်းကူးစက်သူဖြစ်သည့် လူနာအမှတ် (၁၈၃) တွေ့ရှိပြီး မေလ ၁၈ ရက်နောက်ပိုင်း မြန်မာနိုင်ငံ၌ COVID-19 ထပ်တိုးအတည်ပြုလူနာ ၇၉ ဦးအနက် ၅၂ ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်သည်။
ရောဂါတွေ့ရှိမှုများပြား၍ Relief Flight ရပ်နားခဲ့ခြင်းမျိုး မဟုတ်ဘဲ အိန္ဒိယရှိ မြန်မာနိုင်ငံသားအနည်းငယ်သာ ကျန်ရှိတော့၍ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် အစိုးရ၏ Relief Flight အစီအစဉ် ထပ်မံဆောင်ရွက်မည်ဖြစ်ပြီး စင်ကာပူနှင့် ကာတာနိုင်ငံများရှိ မြန်မာနိုင်ငံသားများကိုခေါ်ဆောင်ရန်စီစဉ်နေကြောင်းဆိုသည်။
အကူအညီတောင်းခံမှုကြောင့် အစိုးရက Relief Flight အစီအစဉ်ဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများကို သွား ရောက် ခေါ်ဆောင်မှုများအနက် ရောဂါတွေ့ရှိမှု အများဆုံးဖြစ် နေသော အိန္ဒိယနိုင်ငံမတိုင်မီက မလေးရှားနိုင်ငံဖြစ်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေး မှူး ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။
COVID-19 ရောဂါ မတ်လ ၂၃ ရက်ကစ၍ မြန်မာနိုင်ငံ၌ စစ်ဆေးတွေ့ရှိခဲ့သော အမေရိကန် ပြန် လူနာအမှတ် (၁) မှစ၍ ဇွန်လ၁၅ ရက် အထိ စုစုပေါင်း အတည် ပြုလူနာ ၂၆၂ ဦးရှိသည်။
crd-7daynews #Myanmar_Online_News
>>zawgyi<<
ပြည်ပပြန်လာသူများအနက်မှ ပိုးတွေ့ရှိမှုအများဆုံးဖြစ်သော အိန္ဒိယသို့ ကယ်ဆယ်ရေးလေယာဉ်အစီအစဉ် မရှိတော့
Tuesday, June 16, 2020
ပြည်ပပြန်လာသူများအနက်မှ ပိုးတွေ့ရှိမှု အများဆုံးဖြစ် သော အိန္ဒိယနိုင်ငံသို့ Relief Flight (ကယ်ဆယ်ရေးလေယာဉ်) အစီအစဉ်မရှိတော့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ပြောကြားခဲ့သည်။
ပြည်တွင်းကူးစက်သူဖြစ်သည့် လူနာအမှတ် (၁၈၃) တွေ့ရှိပြီး မေလ ၁၈ ရက်နောက်ပိုင်း မြန်မာနိုင်ငံ၌ COVID-19 ထပ်တိုးအတည်ပြုလူနာ ၇၉ ဦးအနက် ၅၂ ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်သည်။
ရောဂါတွေ့ရှိမှုများပြား၍ Relief Flight ရပ်နားခဲ့ခြင်းမျိုး မဟုတ်ဘဲ အိန္ဒိယရှိ မြန်မာနိုင်ငံသားအနည်းငယ်သာ ကျန်ရှိတော့၍ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် အစိုးရ၏ Relief Flight အစီအစဉ် ထပ်မံဆောင်ရွက်မည်ဖြစ်ပြီး စင်ကာပူနှင့် ကာတာနိုင်ငံများရှိ မြန်မာနိုင်ငံသားများကိုခေါ်ဆောင်ရန်စီစဉ်နေကြောင်းဆိုသည်။
အကူအညီတောင်းခံမှုကြောင့် အစိုးရက Relief Flight အစီအစဉ်ဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများကို သွား ရောက် ခေါ်ဆောင်မှုများအနက် ရောဂါတွေ့ရှိမှု အများဆုံးဖြစ် နေသော အိန္ဒိယနိုင်ငံမတိုင်မီက မလေးရှားနိုင်ငံဖြစ်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေး မှူး ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။
COVID-19 ရောဂါ မတ်လ ၂၃ ရက်ကစ၍ မြန်မာနိုင်ငံ၌ စစ်ဆေးတွေ့ရှိခဲ့သော အမေရိကန် ပြန် လူနာအမှတ် (၁) မှစ၍ ဇွန်လ၁၅ ရက် အထိ စုစုပေါင်း အတည် ပြုလူနာ ၂၆၂ ဦးရှိသည်။
crd-7daynews #Myanmar_Online_News

0 comments:

Post a Comment