Thursday, June 18, 2020

မိုဘိုင်းဖုန်း အားသွင်းကြိုးနဲ့ အားသွင်းနိုင်ပြီး အပူစွမ်းအင်နဲ့ ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ နှာခေါင်းစွပ် တီထွင်နိုင်ပြီလို့ အစ္စရေး သုတေသီတွေပြော

အစ္စရေး သုတေသီတွေဟာ မိုဘိုင်းဖုန်း အားသွင်းကြိုးမှတစ်ဆင့် စွမ်းအင်ထုတ်ယူပြီး ကိုရိုနာဗိုင်းရပ်စ်ကို အပူပေးသေစေနိုင်တဲ့ နှာခေါင်းစွပ်ကို တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှာခေါင်းစွပ်ဟာ ပြန်လည်အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။
နှာခေါင်းစွပ်တွေဟာ စတင်အသုံးပြုပြီး မိနစ် ၃၀ ကြာရင် ဆက်လက်အသုံးမပြုသင့်တော့ဘူးလို့ ဟိုင်ဖာမြို့၊ Technion University မှ သုတေသီအဖွဲ့ခေါင်းဆောင် ပရောဖက်ဆာ Yair Ein-Eli က ပြောဆိုပါတယ်။ သုတေသီအဖွဲ့က တီထွင်ထားတဲ့ နှာခေါင်းစွပ်မှာ USB အားသွင်းပေါက် ပါရှိပြီး အားသွင်းအပူပေးလိုက်ရင် နှာခေါင်းစွပ်ရဲ့ အတွင်းပိုင်းအလွှာမှာ ၇၀ ဒီဂရီဆဲလ်စီယက်ထိ အပူချိန်မြင့်တက်လာကာ ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တယ်လို့ သိရပါတယ်။ တစ်ခါသုံး နှာခေါင်းစွပ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ကြီးဖြစ်နေတဲ့ အချိန်မှာ ဝယ်ယူမှုတွေမြင့်မားနေပြီး စီးပွားရေးအရရော ပတ်ဝန်းကျင်အတွက်ပါ တွက်ခြေမကိုက်တာကြောင့် ပြန်လည်အသုံးပြုလို့ရတဲ့ နှာခေါင်းစွပ်တီထွင်ခြင်းဟာ ဖြေရှင်းချက်ပ ဲဖြစ်တယ်လို့ ပရောဖက်ဆာ Ein-Eli က ပြောကြားပါတယ်။ နှာခေါင်းစွပ်ရဲ့ ပုံစံဟာ အရှေ့မှာ အဆို့ရှင်တစ်ခု ပါရှိတာကြောင့် N95 နှာ ခေါင်းစွပ်နဲ့ ဆင်ပါတယ်။
သုတေသီတွေဟာ မတ်လနှောင်းပိုင်းက အမေရိကန်ပြည်တောင်စုမှာ အဆိုပါ နှာခေါင်းစွပ်အတွက် မူပိုင်ခွင့်တင်သွင်းခဲ့ပြီး စီးပွားဖြစ်ရောင်းဝယ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒီနှာခေါင်းစွပ်တွေကို တစ်ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သုတေသီတွေက ပြောကြားပါတယ်။
Ref ; AKon Thi

0 comments:

Post a Comment