Wednesday, June 24, 2020

မြောင်းမြမြို့နယ်တွင် ဘင်္ဂါလီအချို့ နှင့် ဆက်စပ်သူ (၄)ဦးအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာက လယ်စောင့်တဲတစ်ခုမှာ ဇွန်လ(၂၃)ရက် မနက်အစောပိုင်းက တရားမဝင်ဘင်္ဂါလီ (၁၆)ဦးတွေ့ရှိခဲ့ပြီး အဲဒီ ဘင်္ဂါလီတွေနဲ့ ဆက်စပ်မှုရှိတဲ့ အမျိုး သား (၄) ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ အိမ်မဲမြို့မရဲစခန်း တာဝန်ရှိသူ တွေက ပြောပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို မြင်းကကွင်း ကျေးရွာ လယ်ကွင်းစပ် က လယ်စောင့်တဲအနီး ဇွန်လ (၂၃) ရက် မနက် (၂) နာရီဝန်းကျင်မှာ စက်လှေတစ်စီးက လာချထားပေး သွားတာလို့ ဒေသခံတွေက ပြောဆိုပါတယ် ။ အဲဒီ ဘင်္ဂါလီဆက်စပ်နေတဲ့ အမျိုးသား(၄)ဦးနဲ့ ကား(၂)စီးကို မြောင်းမြခရိုင် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက လိုက်လံ ဖမ်းဆီးရာမှာ မော်တော်ယာဉ်တစ်စီးနဲ့ အမျိုးသား(၃)ဦးကို ဖမ်းမိခဲ့ပေမယ့် နောက်ထပ် ယာဉ်တစ်စီးကတော့ ရပ်မပေးဘဲ မောင်းပြေးခဲ့တယ်လို့ ပြောပါတယ်။
ထွက်ပြေး သွားတဲ မော်တော်ယာဉ်နဲ့ ယာဉ်မောင်းကို အိမ်မဲမြို့နယ်က တကောစစ်ဆေးရေးဂိတ်မှာ တာဝန်ရှိသူတွေက ဇွန်လ (၂၃) ရက် ညပိုင်းမှာ ပြန်လည် ဖမ်းဆီးရမိခဲ့တယ်လို့ သိရ ပါတယ်။ မြောင်းမြို့နယ်ထဲ ရောက်ရှိလာတဲ့ ဘင်္ဂါလီအဖွဲ့မှာ ကျား (၄)ဦး ၊ မ(၁၁)ဦး နဲ့ ကလေး(၂)ဦး စုစုပေါင်း (၁၆)ဦး ပါဝင်ပြီး အဲဒီ ဘင်္ဂါလီတွေကို ဒီကနေ့ ဇွန်လ(၂၄) ရက်မှာ သွားရောက် ခေါ်ဆောင်ပြီး မြောင်းမြမြို့ ပရိယတ္တိစွမ်းအားတောရကျောင်း Quarantine Center မှာ ကျန်းမာရေးစစ်ဆေးသွား မယ်လို့ သိရပါတယ်။
ဘင်္ဂါလီအဖွဲ့နဲ့ ဆက်စပ်နေတဲ့ ကိုလင်း(ခ)ကျော်ဇောလင်း၊ အေးမောင်မောင် ၊ ပြည်ငြိမ်းမောင် နဲ့ ဆန်းမင်းကျော်(ခ)ဘိုသိန်း တို့ကိုတော့ မြောင်းမြရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၆၇/၁၁၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း- အောင်မင်း(မြောင်းမြ)
Source - One News Myanmar

0 comments:

Post a Comment