Friday, June 19, 2020

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံတို့အား ပေ(၄၀၀)ပတ်လည် မြေကွက်များနှင့် ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီးများကိုလည်း မြေကွက်ချပေးမည်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံအပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများကို မြေကွက်ချပေး မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ကျင်းပသည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင် အကြီးအကဲ များကို ချပေးမည့်မြေကွက်၏ စျေးနှုန်းများကို ဦးဇော်ဌေးက ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါဘူး။
ထိုကဲ့သို့ မြေကွက်ချထားပေးရာ၌ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံတို့သည် ပေ(၄၀၀)ပတ်လည် မြေကွက်များ ဖြစ်ပြီး ဝန်ကြီး၊ ဒုဝန်ကြီးများသည် ပေ(၂၅၀)နှင့် အစိုးရအဖွဲ့အကြီးအကဲများသည် ပေ(၁၀၀)ပတ်လည်မြေ ကွက်များ ရရှိကြမှာလည်းဖြစ်ပါတယ်။ ဝန်ကြီးများကို နေပြည်တော်ကောင်စီနယ်မြေ Hotel Max အနီးရှိ မြေကွက်များကို ချထားပေးမည်ဖြစ်ပြီး ဒု-ဝန်ကြီးများကို တိုင်ရင်းဆေးရုံအနီးရှိ နေရာချထားပေးမှာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်၌ မြေယာပြုပြင်ခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီမှ ဆောင်ရွက်နေပြီး မြေယာပြုပြင် ခြင်းအတွက် ကျပ်ငွေလေးဘီလီယံ သုံးစွဲရန် စီစဉ်ထားကြောင်း နေပြည်တော်ကောင်စီစည်ပင်ဝန်ထမ်းများထံမှ သိရှိရပါတယ်။
crd-PeopleMedia #Myanmar_Online_News
>>zawgyi<<
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံတို့အား ပေ(၄၀၀)ပတ်လည် မြေကွက်များနှင့် ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီးများကိုလည်း မြေကွက်ချပေးမည်
Friday, June 19, 2020
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံအပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများကို မြေကွက်ချပေး မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ကျင်းပသည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင် အကြီးအကဲ များကို ချပေးမည့်မြေကွက်၏ စျေးနှုန်းများကို ဦးဇော်ဌေးက ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါဘူး။
ထိုကဲ့သို့ မြေကွက်ချထားပေးရာ၌ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံတို့သည် ပေ(၄၀၀)ပတ်လည် မြေကွက်များ ဖြစ်ပြီး ဝန်ကြီး၊ ဒုဝန်ကြီးများသည် ပေ(၂၅၀)နှင့် အစိုးရအဖွဲ့အကြီးအကဲများသည် ပေ(၁၀၀)ပတ်လည်မြေ ကွက်များ ရရှိကြမှာလည်းဖြစ်ပါတယ်။ ဝန်ကြီးများကို နေပြည်တော်ကောင်စီနယ်မြေ Hotel Max အနီးရှိ မြေကွက်များကို ချထားပေးမည်ဖြစ်ပြီး ဒု-ဝန်ကြီးများကို တိုင်ရင်းဆေးရုံအနီးရှိ နေရာချထားပေးမှာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်၌ မြေယာပြုပြင်ခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီမှ ဆောင်ရွက်နေပြီး မြေယာပြုပြင် ခြင်းအတွက် ကျပ်ငွေလေးဘီလီယံ သုံးစွဲရန် စီစဉ်ထားကြောင်း နေပြည်တော်ကောင်စီစည်ပင်ဝန်ထမ်းများထံမှ သိရှိရပါတယ်။
crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment