Tuesday, June 16, 2020

စီးပွားရေးနှင့်ပတ်သက်ပြီး ဝန်ကြီးများ နိုးကြားတက်ကြွကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပြောကြား

စီးပွားရေးနှင့်ပတ်သက်ပြီး ဝန်ကြီးများ ငြိမ်မနေကြဘဲ နိုးကြားတက်ကြွစွာဖြင့် ဆောင်ရွက်ကြရန် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် တိုက်တွန်းစကားဆိုလိုက်သည်။
“စီးပွားရေး ဆိုတာက ဘယ်တော့မှ မငြိမ်ပါဘူး။ မငြိမ်နေတာနဲ့ အမျှ ကျွန်မတို့ ဝန်ကြီးများလည်း ငြိမ်နေလို့ မရပါဘူး”ဟု အတိုင်ပင်ခံက ပြောသည်။
ကိုဗစ် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊CERP နှင့် Economy Relief Plan ရေးဆွဲသူ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းတို့ယနေ့ အပြန်အလှန်ဆွေးနွေးစကားဆိုစဉ် တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။
ယင်းအပြင် ကိုဗစ်နှင့် ပတ်သက်ပြီး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား ကျော်လွှားနိုင်ရန် အစိုးရအဖွဲ့ က ပြင်ဆင်နေသည်ကို ပြည်သူများသိစေချင်ကြောင်းနှင့် အဆင်မပြေဖြစ်နေသည့် စီးပွားရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအား မြန်မြန်ဆန်ဆန်သုံးသပ် ပြင်ဆင်၊ပယ်ဖျက်မည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံက အသိပေးစကားပြောကြားခြင်းကိုပါ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။
“စီးပွားရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ ညွှန်ကြားချက်တွေ၊ စည်းမျဉ်း၊စည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေက တစ်ချိန်တစ်ခါက အဆင်ပြေခဲ့တာတွေလည်း ရှိမယ်။ ဘယ်တုန်းကမှ အဆင်မပြေခဲ့တာတွေလည်း ရှိမယ်။ဘယ်တုန်းကမှ အဆင်မပြေခဲ့တာတွေကတော့ မြန်မြန်ဆန်ဆန်ပြောင်းလဲရမှာပေါ့နော်။တစ်ချိန်တုန်းက အဆင်မပြေခဲ့တာတွေက အရင်တုန်းက အဆင်မပြေ အခုဘာလို့ အဆင်ပြေပြီး အခုဘာလို့ အဆင်မပြေလည်းဆိုတာကို သုံးသပ်ပြီးတော့ ကျွန်မတို့ ပြင်သင့်သလို ကျွန်မတို့ပြင်ရမယ်။ ပယ်သင့်သလို ကျွန်မတို့ပယ်ရမယ်။အဲ့ဒီလိုပဲ တစ်နေ့ချင်း တစ်နေ့ချင်းတော့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုခဲ့သည်။
crd-Myanmar Harp #Myanmar_Online_News
>>zawgyi<<
စီးပွားရေးနှင့်ပတ်သက်ပြီး ဝန်ကြီးများ နိုးကြားတက်ကြွကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပြောကြား
Tuesday, June 16, 2020
စီးပွားရေးနှင့် ပတ်သက်ပြီး ဝန်ကြီးများ ငြိမ်မနေကြဘဲ နိုးကြားတက်ကြွစွာဖြင့် ဆောင်ရွက်ကြရန် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် တိုက်တွန်းစကားဆိုလိုက်သည်။
“စီးပွားရေး ဆိုတာက ဘယ်တော့မှ မငြိမ်ပါဘူး။ မငြိမ်နေတာနဲ့ အမျှ ကျွန်မတို့ ဝန်ကြီးများလည်း ငြိမ်နေလို့ မရပါဘူး”ဟု အတိုင်ပင်ခံက ပြောသည်။
ကိုဗစ် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊CERP နှင့် Economy Relief Plan ရေးဆွဲသူ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းတို့ယနေ့ အပြန်အလှန်ဆွေးနွေးစကားဆိုစဉ် တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။
ယင်းအပြင် ကိုဗစ်နှင့် ပတ်သက်ပြီး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား ကျော်လွှားနိုင်ရန် အစိုးရအဖွဲ့ က ပြင်ဆင်နေသည်ကို ပြည်သူများသိစေချင်ကြောင်းနှင့် အဆင်မပြေဖြစ်နေသည့် စီးပွားရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအား မြန်မြန်ဆန်ဆန်သုံးသပ် ပြင်ဆင်၊ပယ်ဖျက်မည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံက အသိပေးစကားပြောကြားခြင်းကိုပါ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။
“စီးပွားရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ ညွှန်ကြားချက်တွေ၊ စည်းမျဉ်း၊စည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေက တစ်ချိန်တစ်ခါက အဆင်ပြေခဲ့တာတွေလည်း ရှိမယ်။ ဘယ်တုန်းကမှ အဆင်မပြေခဲ့တာတွေလည်း ရှိမယ်။ဘယ်တုန်းကမှ အဆင်မပြေခဲ့တာတွေကတော့ မြန်မြန်ဆန်ဆန်ပြောင်းလဲရမှာပေါ့နော်။တစ်ချိန်တုန်းက အဆင်မပြေခဲ့တာတွေက အရင်တုန်းက အဆင်မပြေ အခုဘာလို့ အဆင်ပြေပြီး အခုဘာလို့ အဆင်မပြေလည်းဆိုတာကို သုံးသပ်ပြီးတော့ ကျွန်မတို့ ပြင်သင့်သလို ကျွန်မတို့ပြင်ရမယ်။ ပယ်သင့်သလို ကျွန်မတို့ပယ်ရမယ်။အဲ့ဒီလိုပဲ တစ်နေ့ချင်း တစ်နေ့ချင်းတော့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုခဲ့သည်။
crd-Myanmar Harp #Myanmar_Online_News

0 comments:

Post a Comment