Wednesday, June 17, 2020

အငြိမ်းစားယူထားသည့် နိုင်ငံ့ဝန်ထမ်းများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်းဖြင့် နေပြည်တော်တွင် တိုက်ခန်းများငှားပေးမည်ဖြစ်

၂၀၁၉-၂၀၂၀ တွင် အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်း နှုန်းဖြင့် နေပြည်တော်တွင် တိုက်ခန်းအိမ်ရာများ ငှားရမ်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလ အတွင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးမင်းထိန် က ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ငှားရမ်းခ အနေနဲ့ကတော့ ၅ ထပ်ဖြစ်တဲ့ အတွက် မြေညီထပ်ကို တစ်လလျှင် ဌားရမ်းခ သုံးသောင်းနဲ့ တစ်လွှာတစ်လွှာကို တစ်ထောင်လျော့သွားမှာဖြစ်ပါတယ်။ အပေါ်ဆုံးထပ်မှာဆိုရင်တော့ ၂၆၀၀၀ နှုန်းနဲ့ လစာမြေ ငှားရမ်းခကို သတ်မှတ်ကောက်ခံသွားမှာဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။
ထိုသို့ ငှားရမ်းရာတွင် စည်းကမ်းချက်အနေဖြင့် အငြိမ်းစားများ၏ နေရာချထားရေးကော်မတီကို ဖွဲ့စည်းပြီး သတ်မှတ်ချက် ၈ ချက်ဖြင့် သတ်မှတ်ထားကြောင်း၊ ငှားရမ်းနေထိုင်ရာတွင် နေထိုင်စရာအခက်အခဲရှိသူများသာ ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။
“ငှားရမ်းခအနေနဲ့ တစ်ကြိမ်ကို ၅ နှစ် သတ်မှတ်ပြီးတော့ ငှားရမ်းခ ကိုလည်း ၅ နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီးတော့မှ နေရာကို စီစဉ်ချထားပေးသွားမှာဖြစ်ပါတယ်” ဟု ဦးမင်းထိန် ကပြောသည်။
အငြိမ်းစားအငှားအိမ်ရာသည် အခန်း ၁၂ ခန်းတွင် ၅ ထပ်ပါဝင်ပြီး အခန်းပေါင်း ၃၀၀ ရှိပြိး ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ ကို ဘတ်ဂျက်ရှိသလောက် ထပ်မံဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဦးကျော်လင်းကပြောကြားခဲ့သည်။

0 comments:

Post a Comment