Wednesday, June 24, 2020

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ စစ်သုံး လက်နက်အမြောက်အများ ဖမ်းမိ

ထိုင်းနိုင်ငံ တပ်ခရိုင် မဲဆောက်မြို့က မဲတောင် ရပ်ကွက်အတွင်းက နေအိမ်ကို ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ အမှတ် ၃၄၆ တပ်ရင်းတပ်ဖွဲ့ဝင်တွေက ဇွန်လ ၂၃ ရက်နေက နေအိမ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံသား နှစ်ဦးနေထိုင်နေတဲ့နေအိမ်အတွင်းမှာ စစ်သုံးလက်နက်မျိုးစုံ ၃၃လက်-(အေ၄၇ စက်လတ်-အမ်၁၆ ရိုင်ဖယ်-အမ် ၇၉ လောင်ချာအပြင်အသံတိတ် တတ်ဆင်ထားတဲ့ ရိုင်ဖယ်တွေပါ တွေရှိခဲ့ပါတယ်)
ဒါအပြင် လက်နက်မျိုးစုံ ရဲ့ ကျည်ဆံအမြောက်အများနဲ့ လက်ပစ်ဗုံး တွေပါပါဝင်ကြောင်း သိရပါတယ်။
ယခုဖမ်းဆီးလိုက်တဲ့ စစ်သုံးလက်နက်တွေဟာ မြန်မာနိုင်ငံဘက်က လူနည်းစုလက်နက်ကိုင် အဖွဲ့အစည်းဆီ ပို့ဆောင်မယ့် လက်နက်တွေဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။ လက်နက်တွေ နဲ့အတူ ဖမ်းဆီးလိုက်တဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကိုတော့ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ လည်း သိရပါတယ်။
ဇွန်လ ၂၃ရက်နေ့ ထိုင်းရဲချုပ်က ခုလို နှစ်နိုင်ငံနယ်စပ်ဖမ်းဆီးနိုင်ငံတဲ့ စစ်သုံးလက်နက်ပစ္စည်းတွေဟာ ထိုင်း မြန်မာ နှစ်နိုင်ငံ အမျိုးသား လုံခြုံရေးဆိုင်ရာ နဲ့ သက်ဆိုင်နေတာကြောင့် မိမိတို့အနေနဲ့ ထိုင်းနိုင်ငံအတွေင်းမှာရော တဘက်နိုင်ငံတွင်းမှာပါ အမျိုးသားလုံခြုံရေးထိခိုက်စေမဲ လုပ်ရပ်တွေကို ခွင်ပြုမှာမဟုတ်ဘူးလို့ ထုတ်ဖေါ်ပြောဆိုသွားပါတယ်။
Ref ; SAW

0 comments:

Post a Comment