Tuesday, June 16, 2020

လန်ဒန် အင်ပါယာကောလိပ်မှ သုတေသနပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူနဲ့စမ်းသပ်မည်

ဗြိတိန်အစိုးရရဲ့ မတည်ငွေနဲ့တီထွင်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လန်ဒန် အင်ပါယာကောလိပ်မှ သုတေသနပညာရှင်တွေဟာ အခုအပတ်ထဲမှာ လူနဲ့စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။
လန်ဒန်အင်ပရီရယ်ကောလိပ်မှာ တီထွင်ခဲ့တဲ့ ကာကွယ်ဆေးကို အသက် (၁၈) နှစ် နဲ့ (၇၀) ကြားရှိ စေတနာ့ဝန်ထမ်း(၃၀၀)က စမ်းသပ်ခံမှာဖြစ်ပါတယ်။ အစိုးရရဲ့ထုတ်ပြန်ချက်အရတော့ ဒီကာကွယ်ဆေးကို တိရစ္ဆာန်တွေမှာ စမ်းသပ်ခဲ့ရာမှာ ဘေးကင်းပြီး ထိရောက်မှုရှိကြောင်း သိရှိပြီးပြီဖြစ်လို့" တိကျခိုင်မာတဲ့အကြိုလက်တွေ့စမ်းသပ်မှုအောင်မြင်ပြီးပြီလို့" သိရပါတယ်။
ဒီဆေးကို နောက်ထပ် စေတနာ့ဝန်ထမ်း (၆) ထောင်လောက်နဲ့ ထပ်မံစမ်းသပ်မှုတွေလုပ်ဖို့ လိုသေးတယ်လို့သိရပါတယ်။ အဲဒါပြီးရင်တော့ အများပြည်သူတွေကို ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်ပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဗြိတိန်အခြေစိုက်ဆေးဝါးကုမ္ပဏီ ASTRA-ZENECA တို့က တီထွင်ထားတဲ့ တခြားကာကွယ်ဆေးတမျိုးကလည်း တိုးတက်မှုရှိတယ်လို့ သိရပါတယ်။ အဲဒီဆေးကို လူတစ်သောင်းကျော်လောက်နဲ့ စမ်းသပ်ပြီးသွားပြီဖြစ်ပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment